Wednesday, October 18, 2017

SWOT Analysis (2nd portion)


SWOT Analysis အဆက်

(S: Skill ) ကျွမ်းကျင်​မှုက​တော့ Hard skill ရယ်​ Soft skill ရယ်​ဆိုပြီး ၂ မျိုးရှိပါတယ်​ ။ OK.... Uni တခုချင်းစီမှာ ရှိတဲ့ သက်​ဆိုင်​ရာ Dept ​တွေမှာ တာဝန်​ထမ်း​ဆောင်​​နေကြတဲ့ Staff ​တွေသည်​ သက်​ဆိုင်​ရာ လုပ်​ငန်းနယ်​ပယ်​မှာ ကျွမ်းကျင်​မှုရှိသလား​ပေါ့ဗျာ။ လိုအပ်​​နေ​သေးရင်​ Uni က ဘ်​လို training ​တွေ ဖန်​တီး​ပေးမလဲဆိုတဲ့ hard skill ​တွေ ပြည့်​စုံရမယ်​ ။
Soft skill က​တော့ အားလုံးသိပြီးသားဖြစ်​တဲ့ EQ မြင့်​မမြင့်​​ပေါ့ဗျာ။ EQ ဆိုတာ Emotional Quotient မိမိရဲ့ စိတ်​ခံစားမှုကို ထိန်းသိမ်းနိုင်​တဲ့ စွမ်းရည်​ ။ စိတ်​ဓာတ်​ရင့်​ကျက်​မှုလို့ definition ဖွင့်​ကြတယ်​ ။ IQ မြင့်​တဲ့သူ​တွေထက်​ EQ မြင့်​တဲ့သူ​တွေက လုပ်​ငန်းမှာ ပို​အောင်​မြင်​တာ ​တွေ့ရတယ်​ ။ ဘ၀မှာ အောင်မြင်ဖို့ဆိုရင် ဉာဏ်ကောင်းဖို့ထက် စိတ်ဓါတ်ရင့်ကျက် ခိုင်မာမှုက ပိုအရေး ကြီးတယ်ဆိုတဲ့ သဘောပေါ့။ EQ မှာပါတဲ့ စွမ်းရည်​​တွေက Self-awareness (မိမိကိုယ်ကို သိတာ)၊
Self-regulation (မိမိကိုယ်ကို ထိန်းသိမ်းနိုင်တာ)၊
Motivation၊ Empathy၊ Social skill .... အစရှိသဖြင့်​​ပေါ့။

(K: Knowledge) ပညာရပ်​ပိုင်းက​တော့ ကိုယ်​တတ်​ထားတဲ့ ပညာရပ်​​တွေနဲ့ ရပ်​မ​နေနဲ့ Up to date ဖြစ်​​နေတဲ့ ပညာရပ်​​တွေ၊ Research ​တွေနဲ့ပတ်​သတ်​ပြီး ဆက်​လက်​ဖွံ့ဖြိုးတိုးတက်​​အောင်​ စဉ်​ဆက်​မပြတ်​ knowledge ​တွေရှိဖို့ International နဲ့ ရင်​​ဘောက်​တန်းနိုင်​​အောင်​ Knowledgeable ဖြစ်​ဖို့ လိုပါတယ်​ ။

(E: Experience) ​ကောင်းမွန်​တဲ့အနာဂတ်​တခုဖန်​တီးနိုင်​ဖို့ ​အောင်​မြင်​တဲ့ Uni တခု ဆက်​လက်​ရပ်​တည်​နိုင်​ဖို့ ယခင်​ ကြုံခဲ့ဖူးတဲ့ အ​တွေ့အကြုံ​တွေက​နေ အမှား​တွေ မ​အောင်​မြင်​မှု​တွေ ကို သင်​ခန်းစာယူပြီး ဘယ်​လို​ကောင်း​အောင်​ လုပ်​ရမလဲဆိုတဲ့​နေရာမှာ Experience ကလည်း အ​ရေးပါလာပါပြီ။

(C: Capacity) လုပ်​​ဆောင်​နိုင်​စွမ်း  ကိုယ့်​ Uni ရဲ့ Dept တခုချင်းစီမှာရှိတဲ့ ဝန်​ထမ်းအားလုံး ရဲ့ အလုပ်​လုပ်​နိုင်​စွမ်းအား မြင့်​မားဖို့ လိုပါတယ်​။ ထိုသူ​တွေနဲ့ ဖွဲ့စည်းထားတဲ့ Uni ရဲ့​အောင်​မြင်​မှုစွမ်းအားသည်​ Capacity ​ပေါ်မှာ လဲ ​မူတည်​ပါတယ်​ ။

ထို  PASKEC တခုချင်းကို trace လိုက်​ပြီး Internal factors ​တွေကို Plan ချပြီး လုပ်​​ဆောင်​ဖို့ လိုပါတယ်​ ။

F2:
===
P: Politics
E: Economics
S: Social
T: Technology

(P: Politics) OBE ကို ဦးတည်​ပြီးသွား​နေတဲ့ ​ခေတ်​မှာ အစိုးရ/ပညာရေးဝန်​ကြီးဌာန ရဲ့ မူဝါဒ​ပြောင်းလဲသတ်​မှတ်​မှု​တွေကို သိထားဖို့လည်း လိုပါတယ်​။ Engineer ​တွေအဖြစ်​ အသက်​​မွေးဝမ်း​ကြောင်းလုပ်​​တော့မယ်​ဆိုရင်​ ဘာလက်​မှတ်​ရှိမှ ညာလက်​မှတ်​ရှိမှ ဆိုတဲ့ အစိုးရ/ပညာ​ရေးဝန်​ကြီးဌာနက ချမှတ်​လိုက်​တဲ့ မူဝါဒ​တွေကို​လေ့လာဖို့လဲ လိုပါတယ်​ ။ Engineering ethics အရ ဘယ်​လို rubric ​တွေကိုလိုက်​နာရမယ်​။ Invention ​တွေ Innovation ​တွေမှာ Intellectual Property (IP) နဲ့ ပတ်​သတ်​ပြီး rules ​တွေကို သိဖို့လိုပါတယ်​။ အခု​နောက်​ပိုင်းသင်​ရမယ့်​ HSS ဘာသာရပ်​ရဲ့ တ​စိတ်​တ​ဒေသဖြစ်​တဲ့ Political ပိုင်းကိုလဲ ထည့်​ပြီးသင်​ကြားခွင့်​ရမယ်​ ထင်​ပါတယ်​။

(E: Economics) က​တော့ TU ဘက်​က ​မွေးထုတ်​လိုက်​တဲ့ Alumni ​တွေသည်​ သူတို့တတ်​​မြောက်​ထားတဲ့ ပညာရပ်​​တွေကို အသုံးချပြီး ဘယ်​လိုလုပ်​ငန်းမျိုးလုပ်​ရင်​ သင့်​​တော်​မလဲ ၊ စီးပွား​ရေး​ဈေးကွက်​အရ ဘယ်​လိုအလုပ်​အကိုင်​မျိုးကို ​ရွေးချယ်​သင့်​သလဲ၊ ကိုယ်​ဘာ​တွေ ဆက်​​လေ့လာဖို့ လိုသလဲ။ စီးပွား​ရေး ဖွံ့ဖြိုးတိုးတက်​မှု မှာ ကိုယ့်​နိုင်​ငံမှာ​ရော တခြားနိုင်​ငံ​တွေမှာ​ရေ ကိုယ်​တတ်​ထားထားတဲ့ Specialization area သည်​ ဘယ်​​လောက်​ထိ အ​ရေးပါ​နေပြီလဲ၊ Economics view ကို လဲ သိပြီး life long learning နဲ့ စီးပွား​ရေး​ဈေးကွက်​ကို ဘယ်​လို ထိုး​ဖောက်​မယ်​ဆိုတဲ့ အချက်​ကလဲ အ​ရေးပါ ပါတယ်​ ။

(S: Social) လူမှု​ရေးနယ်​ပယ်​က​တော့ ကိုယ့်​ Uni က students ​တွေသည်​ ​ကျောင်းပီးရင်​ သက်​ဆိုင်​ရာ နယ်​ပယ်​​တွေမှာ အလုပ်​လုပ်​နိုင်​ဖို့ Stakeholders ​တွေအကုန်​လုံးနဲ့ Social Relationship ရှိဖို့ လိုပါတယ်​။ Stakeholders ​တွေထဲက တခုဖြစ်​တဲ့ Industry ​တွေ နဲ့ Social အရ ever communication ဖြစ်​ဖို့လဲလိုပါတယ်​ ။

(T: Technology) နည်းပညာ​ကျောင်းဆို​တော့ Technology အပိုင်းနဲ့ ပတ်​သတ်​ပြီး ​ထွေ​ထွေထူးထူး မ​ပြော​တော့ပါဘူး။

🔜 ဒီ SWOT ​analysis ​တွေသုံးပြီး ပြိုင်​ဘက်​​တွေဖြစ်​တဲ့ Private Uni ​တွေကို ဘယ်​လိုယှဉ်​ပြိုင်​ကြမလဲ။ SWOT Analysis က​နေ ပြင်​စရာရှိရင်​ မြန်​မြန်​ပြင်​ပြီး ​အောင်​မြင်​တဲ့ Plan တခု မြန်​မြန်​ချမှတ်​နိုင်​မှာပါ။ ဒါမှသာလျှင်​ ပြိုင်​ဘက်​​တွေနဲ့ ​ရေရှည်​ယှဉ်​ပြိုင်​နိုင်​တဲ့ UNI တခု အဖြစ်​ မျိုး​စေ့ချ​ပေးနိုင်​ခဲ့မှာပါ။

ကျေးဇူးတင်​ပါတယ်​ ။

Reference> Dr ​ဇေယျဦး၊ Dr ဖြိုးသီဟ၊ Google

မိုးမိုးမြင့်
၁၆.၁၀.၂၀၁၇

No comments:

Post a Comment