Sunday, December 16, 2018

Integrated Design Project (IDP) ဟု ဆိုကြရာဝယ်


Integrated Design Project (IDP) ဟု ဆိုကြရာဝယ်
=====================================

❄ EEAC Accreditation Manual (2018 version) ရဲ့ Guidelines အရ ​ Exposure to Engineering Practice အချက်​​တွေက​တော့
1. Lectures/talks by guest lectures from industry
2. Academic staff with industrial experience
3. Courses on professional ethics and code of conduct
4. Industry visits
5. Industry-based project
6. Regular use of a logbook in which industrial experiences are recorded.
....
မှာပါတဲ့

Industry-based project ဆိုတာ ​နောက်​ဆုံးနှစ်​​ကျောင်းသား/သူ​တွေ industry ​တွေကို intern သွားဆင်းပြီး ပြန်​လာရင်​ လုပ်​ရမယ့်​ Final Year Project ပဲ ဖြစ်​ပါတယ်​။ မြန်​မာပြည်​မှာ​တော့ Mini-Thesis လို့​ သတ်​မှတ်​ထားပါတယ်​ ။ research approach ​တွေ​ပေါ်မှာ အ​ခြေခံပြီး တဦးချင်း လုပ်​ရမည့်​ Creation or Innovation FYP ပါ။ ထို FYP က Industry နဲ့ ဆက်​စပ်​တဲ့ FYP ဆို ပို​ကောင်းပါတယ်​။ ပြီးခဲ့တဲ့ TUs/MTU/YTU အားလုံးရဲ့ ပထမအသုတ်​မှာ​တော့ Students အ​ရေအတွက်​များတာ​ရယ်​၊ ဆင်းရတဲ့ industry အခက်​အခဲ​တွေ​ကြောင့်​ ဆက်​စပ်​မှု ရှိတဲ့သူ​တွေ ရှိသလို၊ အ​ခြေအ​နေ​ပေါ်မူတည်​ပြီး un-related ဖြစ်​သွားတဲ့ Students ​တွေလဲ ရှိပါတယ်​ ။ ICEEI conference မှာ Curtin University : Malaysia က Keynote speaker တ​ယောက်​က​တော့ သူတို့ Curtin Uni မှာ​တော့ သူတို့ Students ​တွေရဲ့ FYP ကို Final presentation ​ရောက်​တဲ့အခါ Industry assessors နဲ့ special lecturers ​တွေနဲ့ အတူ Conference-style ပုံစံဖြင့်​ လုပ်​ပြီး ၊ သူတို့ရဲ့ FYP ​တွေကို journals သို့မဟုတ်​ Conference proceedings ​တွေမှာပါ published လုပ်​ရတယ်​လို့ ​ပြောသွားပါတယ်​ ။

❄ ပထမအသုတ်​​တွေ ကံ​ကောင်းတယ်​လို့ ​ပြောရမလားပဲ။ အခု ဒီနှစ်​ကစပြီး EEAC ရဲ့ guideline အရ Integrated Design Project (IDP)  ပါလာပါပြီ။

❄ တနည်းအားဖြင့်​ IDP ကို Capstone Project (see figure: credit>>google) လို့လဲ ​ခေါ်ကြပါတယ်​ ။ ဒီ​နေရာမှာ Capstone မ​ရောက်​ခင်​ အတန်းငယ်​​တွေမှာ Cornerstone project နဲ့ Keystone project ​တွေကို လုပ်​ခဲ့ပြီးကြလို့ ​နောက်​ဆုံးနှစ်​မှာ  IDP ရှိရမယ် ဆို​တော့ (Final Year Project/Mini-Thesis) မတိုင်​ခင်​ Capstone project (သို့) IDP ကို ​ကျောင်းသား/သူ ​တွေ မလွဲမ​သေ လုပ်​ရ​တော့မှာပါ။

❄ IDP က​တော့ groups လိုက်​ လုပ်​ရမှာ ဖြစ်​ပြီး public health and safety၊ cultural၊ societal၊ project management၊ economy၊ Environmental considerations ​တွေ အတွက်​ သင်​ကြားခဲ့တဲ့ Core Subjects ​တွေရဲ့ knowledge ​တွေနှင့်​အတူ complex engineering problems ​solving တွေ၊ design systems ​တွေ၊ integrating process ​တွေပါ ပါတဲ့ IDP တခုကို အဖွဲ့လိုက်​ လုပ်​ရမှာပါ။ ထိုအတွက်​လဲ Curtin က Professor က သူတို့​ Uni မှာ Progress reports၊ board meetings၊ progress presentations ​တွေနှင့်​အတူ ​final presentation ကို​တော့ Industry assessors နဲ့ special lecturers ​တွေနဲ့ အတူ ပြုလုပ်​တယ်​လို့ သိရပါတယ်​ ။

❄ မဖြစ်​မ​နေ IDP က ပါရ​တော့မှာဆို​တော့ IDP အတွက်​ Curriculum မှာ အဓိကအချက်​​က​တော့ design ပိုင်း​ရော၊ Engineering knowledge ​တွေနဲ့ ပါဝင်​ ဖွဲ့စည်းတဲ့ real-world design project တခုကို implement လုပ်​နိုင်​ဖို့

 တချို့ major ရဲ့  Course ​တွေမှာ​တော့

1. Modeling
2. Designing
3. Coordination
4. Project Scheduling
5. Estimating
6. Detailing
7. Documentation
8. BIM Process base on local project

ဆိုပြီး ပြဌာန်းကြပါတယ်​။ ဥပမာ။ တချို့ Foreign University ​တွေမှာ IDP အတွက်​ Lectures (၁၃) ချိန်​နဲ့ Project အတွက်​ (၂၃) ချိန် သတ်​မှတ်​ပြီး  Credit ကို 10 credit ​ပေးထားတာလဲ ရှိပါတယ်​။ 
IT နဲ့ ပတ်​သတ်​တဲ့ IDP curriculum သီးသန့်​​တော့ မ​တွေ့​သေးဘူး။ ရှိရင်​လဲ  share ကြပါဦး။

❄ ကျွန်​​တော်​တို့ IT မှာ​တော့ Software Engineering၊ HSS၊ Project Management ​တွေကလဲ အတန်းငယ်​မှာ သင်​ပြီးပြီဆို​တော့ အခြား​သော Core Subjects ​တွေနဲ့ IDP ကို Curriculum တခု အ​နေနဲ့ ထည့်​မသင်​​တော့ပဲ ​Students ​တွေလဲ ဝန်​ပိုမဖြစ်​ရ​လေ​အောင်​ သင့်​​လျော်​တဲ့ အချိန်​​ပေးပြီး IDP / Capstone project ကို တန်းသွားရင်​ ရနိုင်​မလား။
ဆွေး​နွေးစရာ​တွေနဲ့ ​တွေးစရာ​တွေ ရှိ​နေရင်း ICEEI Conference ရဲ့ Engineering Education program မှ ရရှိလာတဲ့ knowledge တချိ့ကို တင်​ပြရင်း

မိုးမိုးမြင့်
၁၆.၁၂.၁၈

Chapter 1 Introduction to Embedded Systems (AY:2018-2019--> First Semester)