Friday, December 22, 2017

သာမာန်​ blog တစ်​ခု ဖန်​တီးခြင်း


သာမာန်​ Blog တစ်​ခု ဖန်​တီးခြင်း
======================

❄Profit organization နဲ့ marketing လိုမျိုး ဧရိယာ​တွေအတွက်​ professional ကျကျ သုံးဖို့ အဆင်​မ​ပြေ​သော်​လဲ ကိုယ့်​ရဲ့ knowledge ​တွေ lecture ​တွေကို sharing လုပ်​ဖို့ ပညာ​ရေး​လောကအတွက်​ ကိုယ်​ပိုင်​ blog တစ်​ခုကို မိမိဘာသာ free ဖန်​တီးနိုင်​ပြီး web hosting အတွက်​ ဘာရင်းနှီး မြုပ်​နှံမှုမှ မလိုပဲ အသုံးပြုရ လွယ်​ကူမှု​ကြောင့်​ users ​တွေ ​တော်​​တော်​များများ အသုံးပြုလာကြပါတယ်​။

❄Blog တခု တည်​​ဆောက်​ဖို့အတွက်​ မိမိမှာ ကိုယ်​ပိုင်​ Google Account ရှိရပါမယ်​။

၁။ နှစ်​သက်​ရာ browser တခုက​နေ
www.blogspot.com သို့ သွားပါ။ (pl see photo)

၂။ Creat your blog ကို နှိပ်​လိုက်​ရင်​ Gmail နဲ့ password ​တောင်းပါလိမ့်​မယ်​။ (pl see photo)

၃။ ​နောက်​တဆင့်​ မှာ Create new blog ကို နှိပ်​လိုက်​ပါ။ (pl see photo)

၎။ ကိုယ်​သုံးမယ့်​ blog ရဲ့ title ၊ Address တို့ကို ထည့်​သွင်းတဲ့အခါ
ဥပမာ ဆိုကြပါစို့
      blog title : knowledge sharing
      blog address: knowledgesharing.blogspot.com  လို့ရိုက်​တဲ့အခါ address မှာ checking availability ​ကြောင့်​ ကိုယ်​​ပေးလိုက်​တဲ့ address ကို စစ်​​ပါလိမ့်​မယ်​။ တခြား သူများ​ပေးထားတဲ့ address ​တွေနဲ့ တူညီမှုရှိ​နေရင်​ ကိုယ့်​ရဲ့ blog address ကို not available ဆိုပြီး warning ပြမှာ ဖြစ်​ပါတယ်​ ။
ပေးလိုက်​တဲ့ နာမည်​​တွေကလဲ တူ တူ​နေ​တော့ warning ပြခံ​နေရတာ ကြာ​တော့ စိတ်​မရှည်​တာနဲ့
gouttee.blogspot.com လို့ ​ပေးလိုက်​​တယ်​။  :-P
နောက်​တဆင့်​က ကိုယ်​သုံးမယ့်​ template ကို ​ရွေး​ပေးပါ။
အားလုံးဖြည့်​ပြီးပါက Continue ကို နှိပ်​ပါ။ (pl see photo)

၅။ သင့်​ရဲ့ ကိုယ်​ပိုင်​ blog တခုကို ကိုယ်​​ရွေးချယ်​ထားတဲ့ theme အတိုင်း မြင်​​တွေ့ရမှာ ဖြစ်​ပါတယ်​ ။ တင်​ထားတဲ့ post မရှိ​သေးတာ​ကြောင့်
There are no posts. Create a new post  ဆိုပြီး မြင်​​တွေ့ရမှာပါ။ (pl see photo)

၆။ post တခု ​လောက်​ အစမ်းတင်​ကြည့်​ရ​အောင်​ ။ New post ကို နှိပ်​ပါ။ post title ကို test post လို့ နာမည်​​ပေးလိုက်​တယ်​ ။
စာသားတချို့ ​ရေးပြီး ကိုယ့်​ post ကို တင်​ချင်​ရင်​ publish ကို နှိပ်​ပါ။
မိမိရဲ့ ပထမဆုံး post ကို publish နှိပ်​လိုက်​တာနဲ့ web ​ပေါ်မှာ တင်​​ပေးသွားမှာပါ။ publish နှိ​ပ်​လိုက်​တဲ့အခါ ကိုယ့်​ရဲ့ post ကို google+ မှာ​ရော share ဦးမလားလို့ ​မေးပါလိမ့်​မယ်​။ blog မှာပဲတင်​မယ်​ google+ မှာ မ share ချင်​ရင်​​တော့ cancel ကို နှိပ်​လိုက်​ပါ။ (pl see photo)

၇။ မိမိတင်​ထား​သော post များကို edit လုပ်​နိုင်​တယ်​။ share နိုင်​တယ်​။ မလိုအပ်​ပါက delete လုပ်​နိုင်​ပါတယ်​။ ကိုယ့်​post ကို reader ​တွေက comment ​ပေးနိုင်​သလို reader အ​ရေအတွက်​ ဘယ်​​လောက်​ရှိလဲဆိုတာကို​ရော မြင်​​တွေ့ရမှာ ဖြစ်​ပါတယ်​။ စာသားအပြင်​ image ​တွေ၊ video file ​တွေ၊ link ​တွေ ... အစရှိသဖြင့်​ ကိုယ်​နှစ်​သက်​သလို ကိုယ့်​ post ကို ဖန်​တီးယူနိုင်​ပါတယ်​။ (pl see photo)

၈။ Settings အပိုင်းမှာ​တော့ Basic၊ Posts၊ Comments & sharing၊ Search preferences၊ other user settings ​တွေက​နေ ကိုယ့်​ blog ရဲ့ setting ကို ​ပြောင်းလဲနိုင်​ပါတယ်​ ။ Basic အပိုင်းမှာ​တော့ ကိုယ့်​ blog ရဲ့ title ​တွေ Description ​တွေ Privacy ​တွေကို လိုသလို edit လုပ်​နိုင်​သလို Publishing အပိုင်းမှာလဲ blog address ကို ကိုယ့်​စိတ်​ကြိုက်​ ပြန်​​ပြောင်းယူနိုင်​သလို Permissions အပိုင်းမှာလဲ Blog authors နဲ့ readers ​တွေကို စိတ်​ကြိုက်​ ထပ်​ထည့်​ နိုင်​သလို private / public readers ဆိုပြီး ​ရွေးချယ်​လို့ ရပါ​သေးတယ်​ ။ မိမိဧ။်​ ကိုယ်​ပိုင်​ blog ​လေးကို စိတ်​ကြိုက်​ဖန်​တီးရင်း knowledge ​တွေကို တစုတစည်းထဲ share ခွင့်​ ရနိုင်​သလို readers ​တွေဘက်​ကလဲ တစုတစည်းထဲ စိတ်​ကြိုက်​ အချိန်​မ​ရွေး ဖတ်​ရှုနိုင်​မှာဖြစ်​ပါတယ်​ ရှင်။ (pl see photo)

Thanks for reading!
 (͡° ͜ʖ ͡°)

မိုးမိုးမြင့်
၂၂.၁၂.၂၀၁၇
drmoemoemyint.blogspot.com