Wednesday, October 18, 2017

ISO, Accreditation, Outcomes (1st portion)


ISO, Accreditation, Outcomes
=======================

ISO ဆိုတဲ့ စကားလုံးကို ကြားဖူးနားဝ ရှိခဲ့တာ ပြီးခဲ့တဲ့ ၃ နှစ်​​ကျော်​ ၄ နှစ်​​လောက်​က YTU မှာ ​Postgrad တက်​​တော့ စပြီး ကြားဖူးခဲ့တယ်​ ....
ဘာများလဲလို့ အဲ့တုန်းကတည်းက စိတ်​၀င်​စားခဲ့တာ ...
နည်းနည်း​တော့ ​လေ့လာခဲ့ဖူးတယ်​ ... ကိုယ့်​ Thesis နဲ့ကိုယ်​ တိုင်​ပတ်​​နေ​တော့  📚 အများကြီး​တော့ မ​လေ့လာခဲ့ဘူး ...

1. ISO ဆိုတာဘာလဲ ⁉

ISO : International Organization for Standardization /
         International Standards Organization ပါ ...
ကျ​တော်​တို့ မြန်​မာပြည်​က တက္ကသိုလ်​​တွေ ISO ကို ဘာ​ကြောင့်​ ရ​အောင်​လုပ်​သလဲ ဆိုရင်​ တချိန်မှာ တက္ကသိုလ်တွေ က Autonomy များ  ရလာခဲ့ရင်၊ စနစ်​တကျရှိတဲ့ နိုင်​ငံတကာအသိအမှတ်​ပြု Management System တခုကို  အရင်​ဆုံး လိုက်နာကျင့်သုံးလိုက်တာပဲဖြစ်ပါတယ်။
ISO ရဲ့ trend ကိုက Independent, non-governmental international organization ပါ ... စီမံခန့်​ခွဲမှုပိုင်းမှာ ISO certified ဖြစ်​သွားပြီး Autonomous University အဖြစ်​ အသိအမှတ်​ပြုလိုက်​ရင်​​တော့ ၀န်​ကြီးဌာနရဲ့ Authority/ Instructions ​တွေကို  ယူစရာမလိုဘဲ ကိုယ့်​တက္ကသိုလ်​ ကို စီမံခန့်​ခွဲဖို့ ကိုယ့်​ဘာသာ Try ပြီး တက္ကသိုလ်​ကြီး ကမ္ဘာ့အဆင့်​မီ​အောင်​ ကြိုးစားအားထုတ်​ရမှာ တက္ကသိုလ်​မှာရှိတဲ့ from top to bottom ထိ ၀န်​ထမ်းအားလုံးရဲ့ တာဝန်​ဖြစ်​သွားပြီ ...
ဒါ​ကြောင့်​ ISO certified ဖြစ်​ဖို့ တက္ကသိုလ်​ ​တွေတင်​ လိုအပ်​တာမဟုတ်​ပါဘူး ... Industry , food safety,agriculture, healthcare ပိုင်းက organization ​တွေအတွက်​လဲ လိုပါတယ်​ ...

ok.... ISO ရပြီးရင်​ ​နောက်​တဆင့်​က Accreditation ရဖို့လဲ လိုအပ်​ပါတယ်

2. Accreditation ဆိုတာဘာလဲ ⁉

Accreditation ဆိုတာ ဒီတက္ကသိုလ်ကထွက်တဲ့ ဘွဲ့ရတွေဟာ အရည်အသွေး ပြည့်မှီပါတယ်ဆိုတာကို အရည်အသွေး စစ်ဆေးရေး အဖွဲ့ကနေ စစ်ဆေး အသိအမှတ်ပြုတဲ့ လုပ်ငန်းစဉ်ပါ။
အဲ့လိုလုပ်​ငန်းစဉ်​​တွေကို သက်​ဆိုင်​ရာ  မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ရဲ့ Engineering Accreditation Committee က တာဝန်​ရှိသူ​တွေက စစ်​​ဆေး​ပေးရပါတယ်​ ...
အရည်အသွေး စစ်ဆေးရေး အဖွဲ့ကနေ စစ်ဆေး အသိအမှတ်ပြုဖို့ အရင်​ဆုံးReport တင်​ရပါတယ်​ ... ထို report ကို Self Assessment Report (SAR) လို့​ခေါ်ပါတယ်​ .... ထို report ကို သက်​ဆိုင်​ရာက အရင်​စစ်​​ဆေးပြီး တကယ်​ အရည်​အ​သွေးပြည့်​မီလားဆိုတာ တက္ကသိုလ်​​တွေကို လာ​ရောက်​ကွင်းဆင်းစစ်​​ဆေးပါတယ်​ ။ External Audit အဖွဲ့မှ Department တခုချင်းစီကို Criteria ၅ ချက်​နဲ့ကိုက်​ညီရဲ့လား လို့ စစ်​​ဆေးပါတယ်​ ... ထို Criteria ၅ ချက်​ကို သက်​ဆိုင်​ရာ ဌာန​တွေက ပြည့်​စုံ​အောင်​ လုပ်​ရဲ့လားဆိုတာ University တခုချင်းစီမှာ စစ်​ဆေးမယ့်​ Quality Management System ဆိုတဲ့ QMS အဖွဲ့က Internal Audit အ​နေဖြင့်​ Accredited uni ဖြစ်​လာ​စေဖို့  Goal ကို ​ရောက်​​အောင်​ ​ လိုအပ်​တာ​တွေ ဖြည့်​စည်း​၊ စစ်​​ဆေးပေးရပါတယ်​ ...

3. ထို Criteria ၅ ချက်​ဆိုတာ  

- Academic Curriculum
- Students
- Academic and Support Staff
- Facilities
- Quality Management System များနဲ့ ကိုက်မကိုက် စစ်ဆေး အကဲဖြတ်ပါတယ်။

Outcome Based Education ကို ဦးတည်​ပြီးသွား​နေတဲ့
လမ်း​ကြောင်းမှာ  Criteria 5 ခုအပြင် Program Objectives တွေ၊ Programme Educational Outcomes  တွေရှိဖို့လဲ လိုအပ်ပါတယ်။

(ဆက်​လက်​​ဖော်​ပြပါဦးမည်​)


No comments:

Post a Comment