Wednesday, October 18, 2017

ISO, Accreditation , Outcomes (3rd portion)


ISO, Accreditation, Outcomes
=======================

5. University တခု (သို့) ဌာနတခု စတင်​ လည်​ပတ်​ပြီ ဆိုကတည်းက plan ​တွေ အရင်​ဆုံးချမှတ်​ရမယ်​ ၊ ထို အရာကို vision , mission ဟု​ခေါ်တယ်

👓 Vision ဆိုတာဘာလဲ ⁉
Vision ဆိုတာ အမြင်​ ပဲ။ စိတ်​ကူးဖြင့်​ပုံ​ဖော်​ကြည့်​တာပါ၊ ကိုယ့်​တက္ကသိုလ်​က / ကိုယ့်​ဌာန က ​နောက်​  ၅ နှစ်​​/ ၁၀ နှစ်​ ​နေရင်​ ရောက်မည်. အမြင်ကို စစဉ်းစားရပါမယ်။
ဥပမာ အ​နေနဲ့ Microsoft ကို စတင်တည်ထောင်ခါစက Bill Gate ရဲ. Vision ဟာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။ ကွန်ပြူတာတိုင်းမှာ Microsoft Windows ရှိရမယ်။ Vision က ကိုယ်​သွားချင်​တဲ့လမ်း​ကြောင်းပါ ။

👓 Mission ဆိုတာ ဘာလဲ ⁉
Mission ဆိုတာ လူတဦး/ တစု ကို ​ပေးအပ်​သည့်​တာဝန်​ ပါ။ ဥပမာ တစ်ခုပေးရရင်  Google ရဲ. Mission က ကမ္ဘာပေါ်မှာ ရှိတဲ. သတင်းအချက်အလက်တွေစုစည်းပြီး လူတွေကို အခမဲ့ပေးချင်တာပါ။ Mission ကတော. ကိုယ်.အတွက်မဟုတ်ဘူး။ သူတပါးအတွက်ပါ။

Course objectives ​တွေ​ကြောင့်​ Course Outcomes ​တွေ ရှိလာမယ်​၊ Course Outcomes ​တွေက ဌာနတခုရဲ့ PO ​တွေ PEO ​တွေကို အ​ကောင်​အထည်​​ပေါ်လာရမယ်​၊ PO ​တွေ PEO ​တွေ နဲ့ကိုက်​ညီပြီး ​ကျောင်းပြီးသွားတဲ့ က​လေး​တွေက ဌာနက ရည်​မှန်းထားတဲ့ Mission ​တွေ အတိုင်းဖြစ်​လာမယ်​၊ Mission ​​တွေ တဆင့်​ပြီး တဆင့်​ ​အောင်​မြင်​သွားရင်​ ဌာနရဲ့ Vision ကို အ​ကောင်​အထည်​​ဖော်​နိုင်​မယ်​ ၊ ထိုမှတဆင့်​ University ရဲ့ Vision , Mission ​တွေ လဲ အသက်​၀င်​လာမယ်​ ၊

6.  ထို Objectives ​တွေ၊ Outcomes ​တွေ နဲ့ကိုက်​​အောင်​​ရော သင်​ရဲ့လား ⁉

နည်းနည်း​တော့ မြင့်​လာပြီ ၊
မြင့်​မှာ​ပေါ့  ဒီအချက်​က Accreditation လမ်း​ကြောင်းမှာ အဓိက အချက်​လို့ မြင်​တယ်​။ ဒီအချက်​ကိုသာ အဓိက လို့ သ​ဘောမထားပဲ သာမညလို့ သ​ဘောထားလိုက်​ရင်​ fake university ဖြစ်​သွားမှာပါ၊ ​နောက်​ဆို Private University ​တွေ မှိုလို ​ပေါက်​လာတဲ့​ခေတ်​​ရောက်လို့ ယှဉ်​ပြိုင်​ရ​တော့မယ်​ဆိုရင်​ ​နောက်​​ကောက်​ကျမ​နေ​အောင်​ ထို Objectives ​တွေ၊ Outcomes ​တွေ နဲ့ကိုက်​​အောင်​​ရော သင်​ရဲ့လား ⁉ ဆိုတဲ့ ​မေးခွန်းအတွက်​ Teachers ​တွေရဲ့ Quality ကို Evaluation လုပ်​ဖို့ လိုအပ်​လာပါပြီ။

Students ​တွေက Teachers ​တွေကို feedback ​ပေးပြီး၊ ထို feedback ကို evaluation လုပ်​ဖို့ဆိုရင်

- Students သည်​ ​ကျောင်းပုံမှန်​တက်​ရဲ့လား ⁉
- ပုဂ္ဂိုလ်​​ရေးကို ​ရှေ့တန်းတင်​ခဲ့လား ⁉
- ကြုံရာ ဖြည့်​လိုက်​တာလား ⁉
- ပညာ​ရေးပြုပြင်​​ပြောင်းလဲမှုမှာ စိတ်​ပါဝင်​စားမှု ရှိရဲ့လား ⁉
- ကိုယ့်​ University, ကိုယ့်​ major ကို ချစ်​တဲ့စိတ်​နဲ့ အမြင်​ကျယ်​ကျယ်​ဖြင့်​ ပူး​ပေါင်း​ဆောင်​ရွက်​မှု ရှိရဲ့လား  ⁉  ဆိုတဲ့ အချက်​​တွေက Students ​တွေ ကို အရင်​စမ်းစစ်​ရမယ့်​ အချက်​ပါ။

နည်းနည်း​တော့ ရှုပ်​တယ်​၊ ရှုပ်​ရင်​ ပြတ်​ပြတ်​သားသား ရှင်းမှ ရမယ်​ ။
(​ကျောင်းပုံမှန်​မတက်​ဘဲ evaluation form ​ကောက်​တဲ့​နေ့မှ လာတဲ့က​လေးသည်​ Teachers ​တွေရဲ့ evaluation ကို မှန်​ကန်​​အောင်​ ဖြည့်​နိုင်​ပါ့မလား)
ဒီ Evaluation နဲ့ ဆက်​စပ်​လာတာက Roll call  75% ပြည့်​မပြည့်​က အ​ရေးပါလာပြီ။ Quality ကို ဦးစား​ပေးချင်​ရင်​ Quantity ​လျော့မှာကို ​ရှေ့တန်းမတင်​နဲ့၊ drop out ဖြစ်​မှာကို မ​ကြောက်​နဲ့။ Quantity ကို ​"ရှေ့တန်းတင်​ရင်​ ပညာ​ရေးဖြင့်​ ​ခေတ်​မီဖွံ့ဖြိုးတိုးတက်​​သောနိုင်​ငံ​တော်​သစ်​ဆီသို့ " ဆိုတဲ့ ​ဆိုင်းပုဒ်​ကို ဖြုတ်​လိုက်​​တော့ ...
ထိုအချက်​က​နေ ဆက်​ပြီးစဉ်းစားရင်​ Roll Call 75% က အ​ရေးပါလား ⁉ ဆိုတဲ့ ​မေးခွန်း...
Roll Call ဆိုတာ မရှိတဲ့ နို​င်​ငံခြား​ကျောင်းတချို့မှာ စာသင်​ခန်း​တွေမှာ လူရှိလားဆို​တော့ ရှိတယ်​တဲ့ ။ ကိုယ့်​အသိစိတ်​နဲ့ကို လာတက်​ကြတယ်​လို့ အမတစ်​​ယောက်​က ​ပြောဖူးတယ်​။
မြန်​မာပြည်​မှာ အဲ့လို စနစ်​ ကျင့်​သုံးလိုက်​ရင်​​ရော ​အောင်​မြင်​မှာလား ⁉
ကိုယ့်​အသိစိတ်​နဲ့ ကိုယ့်​ဘာသာ စာသင်​ခန်းကို လာကြမှာလား ... ⁉
စာသင်​ခန်းက အ​ရေးမပါ​တော့ရင်​ ကျူရှင်​​တွေက လွမ်းမိုးလာမှာလား ⁉
မြန်​မာပြည်​က students ​တွေနဲ့ teachers ​တွေအကုန်​လုံး ကိုယ်​​စောင့်ထိန်းရမယ့်​ ethics ​တွေကို ထိန်းနိုင်​ပြီလား ⁉

ISO မှာ customer satisfaction က first priority ပါ။ Customers ဆိုတာ Students ​တွေပါ။  Quality education ရဲ့အသက်က Outcomes Based Education ပါ။

Accredited University ဖြစ်​ဖို့ ဆိုရင်​ Academic & Supporting Staff ​တွေ​ရော Students ​တွေ​ရော Industry ​တွေ​ရော Professional Educated persons ​တွေ​ရော ပူး​ပေါင်း​ဆောင်​ရွက်​မှ Education Reform ဖြစ်​လာမှာပါ ။

ကျေးဇူးတင်​ပါတယ်​ ။

Reference>>ဆရာတင်​ထွန်း​အောင်

မိုးမိုးမြင့်

No comments:

Post a Comment