Wednesday, October 18, 2017

SWOT Analysis (1st portion)


SWOT
======

❄ SWOT ဆိုတဲ့ စကားလုံးကို စရင်းနှီးတာ TU(KSE) မှာ
ဆရာ ​ဒေါက်​တာ​ဇေယျာဦးရဲ့  "How to investigate your university strategic plan for Teaching and Learning, Research and Development" Based on SWOT Analysis  
workshop တုန်းကပါ။

❄ ဆရာ​ပြောခဲ့တဲ့ knowledge ​တွေ​ပေါ်အ​ခြေခံကာ ​လေ့လာသမျှ​တွေကို စု​ပေါင်းပြီး ဗဟုသုတအ​နေနဲ့  post ​လေး​ရေးကြည့်​မယ်​။

❄ SWOT "စွက်​"   "စွက်​"    နဲ့ အခု​တ​လော အဲ့စကားလုံးက ပညာ​ရေး၊ ကျန်းမာ​ရေး၊ စီးပွား​ရေး အစရှိသဖြင့်​ နယ်​ပယ်​အသီးသီး မှာ လူ​တော်​​တော်​များများ အသုံးပြုပြီး မိမိရဲ့ လုပ်​ငန်းနယ်​ပယ်​ကို ​အောင်​မြင်​ဖို့ SWOT analysis လုပ်​​နေကြပါတယ်​။ SWOT Analysis ကို ၁၉၆၀ ခုနှစ်တွေတုန်းက Albert S Humphrey ဆိုတဲ့ပုဂ္ဂိုလ်က စတင်ပြီး အသုံးပြုလာတာ ယခုထိအသုံးပြုနေကြတုန်းပါပဲ...

Ok... SWOT ကို ဖြည်​ကြည့်​ရ​အောင်​ ...

S: Strength (အားသာချက်​)
W: Weakness (အားနည်းချက်​)
======================>
(S, W ကို​တော့ Internal factors အဖြစ်​ သတ်​မှတ်​ပြီး )
O: Opportunity (အခွင့်​အလမ်း)
T: Thread (အ​ကြောက်​တရား)
=======================>
(O, T ကို​တော့ External factors အဖြစ်​ သတ်​မှတ်​ကြပါတယ်​ )

❄ ဒါ​ကြောင့်​ SWOT analysis ကို Internal External Analysis (အတွင်းအပြင်​ခွဲခြမ်း​လေ့လာခြင်း) လို့​ခေါ်ကြပါတယ်​ ။

⁉ Question: SWOT က ဘာလို့ ပညာ​ရေးနယ်​ပယ်​မှာ လိုပါသလား ?

Answer  : TU ဘက်​မှာ တာဝန်​ထမ်း​ဆောင်​​နေသူဆို​တော့ TU ဘက်​က​နေ ဆွဲ​ပြောကြည့်​မယ်​ ။ အခုလက်​ရှိမှာ​တောင်​  Private University ​တွေ မှိုလို​ပေါက်​ပြီး များလာတဲ့​ခေတ်​မှာ Public University  ​တွေအ​နေနဲ့ quality ရှိတဲ့ graduated ​တွေကို private ​တွေနဲ့အပြိုင်​ ​မွေးထုတ်​​ပေးရမှာပါ။ ဒါ​ကြောင့်​ ဒီတက္ကသိုလ်ကထွက်တဲ့ ဘွဲ့ရတွေဟာ အရည်အသွေး ပြည့်မှီပါတယ်ဆိုတာကို ပြသနိုင်​ဖို့ ကိုယ့်​ Uni ​တွေက Accredited ဖြစ်​ဖို့ လိုလာပြန်​​ရော။ ဒါ​ကြောင့်​ Uni ရဲ့ Vision ကို Mission တခုချင်းစီ​ပေါ် အ​ကောင်​အထည်​​ပေါ်ပြီး ​ရောက်​​အောင်​ သွားဖို့ လိုလာပါပြီ ။ Vision ကို ​ရောက်​​အောင်​ သွားဖို့ Accredited ပန်းတိုင်​၀င်​ဖို့ ကိုယ့်​ Uni ရဲ့ အားသာချက်​​တွေအခွင့်​အလမ်း​တွေကို အသုံချ၊ OBE ကို သွားဖို့ ဘယ်​လို အ​ကြောက်​တရား​တွေကို ရင်​ဆိုင်​ပြီး အားနည်းချက်​​တွေကို ဘယ်​လို ​ဖြေရှင်းကြမလဲ ဆိုတဲ့ SWOT analysis plan ချဖို့ လိုလာပါပြီ။

 ❄ Fail to plan, plan to fail..... အစီအစဉ်​ဆွဲဖို့ပျက်​ကွက်​ခြင်းဟာ ရှုံးနှိမ့်​ခြင်းအတွက်​ ပြင်​ဆင်​တယ်​လို့ ဆိုကြပါတယ်​ ။ အရမ်းအဓိပ္ပါယ်​ရှိတဲ့ sentence ​လေးပါ ။

❄ အရင်​ဆုံး Internal factors ​တွေဖြစ်​တဲ့ Strength, Weakness ​တွေကို ​လေ့လာရ​အောင်​ .... အတွင်းပိုင်းအ​ခြေအ​နေသုံးသပ်​ခြင်း ဆို​တော့ ကိုယ့်​ Uni ကို သုံးသပ်​ကြမယ်​ ။

PASKEC (ကိုယ့်​ရဲ့အားသာချက်​​တွေကိုသုံးပြီး အားနည်းချက်​​တွေကို ဘယ်​လို ပြင်​ဆင်​မလဲ )

❄​နောက်​ထပ်​ External factors ​တွေ ဖြစ်​တဲ့

PEST ( ကိုယ့်​ Uni ရဲ့ အခွင့်​အလမ်း​တွေက​နေတဆင့်​ Thread ​တွေကို ဘယ်​လို ရင်​ဆိုင်​မလဲ )

Framework ၂ ခု ထပ်​ခွဲလိုက်​တယ်​ ။ PASKEC နဲ့ PEST

F1 :
====
P: Physical
A: Attitude
S: Skill
E: Experience
C: Capacity

(P: Physical) ကိုယ့်​ Uni ရဲ့ ရုပ်​ပိုင်းဆိုင်​ရာ အ​ခြေအ​နေ၊ တနည်းအားဖြင့်​ University ရဲ့ Infrastructure ​ပေါ့။ TUKSE ကို နမူနာထား​ပြောကြည့်​မယ်​ ... Students ​တွေ ​အေး၂​ဆေး၂ ကျယ်​၂၀န်း၂ နဲ့ စာသင်​နိုင်​မယ့်​ ၃ ထပ်​​ဆောင်​ အ​ဆောက်​အဦး ၂ လုံး ရှိတယ်​ ။ Library လည်းရှိတယ်​ (နည်း၂​တော့ ကျဉ်း​သေးတယ်​) စာသင်​ခန်း အလုံအ​လောက်​ရှိတယ်​ ။ ​ကျန်းမာ​ရေးလေ့ကျင့်​ခန်းလုပ်​စရာ​တွေလဲ ရှိ။ ကစားကွင်း​တွေလဲ ရှိတယ်​ ။ Seminar room ​တွေ​တော့ များများစားစား သိပ်​မရှိ​သေး ။ အစရှိသဖြင့်​​ပေါ့ဗျာ ။ Accredited Uni ဖြစ်​ဖို့ ကိုယ့်​ Uni သည်​ ရုပ်​ပိုင်းဆိုင်​ရာ ပြယုဂ်​  ​ကောင်းမွန်​ဖို့လိုတယ်​။

(A: Attitude ) Accredited ဖြစ်​ဖို့ တဦးတ​ယောက်​တည်းက ​ရှေ့က ဦး​ဆောင်​လို့ မရပါဘူး။ Organization တခုလုံးမှာရှိတဲ့ ၀န်​ထမ်းအားလုံးပါဝင်​မှ ရမယ်​။ လုပ်​ရမှာကများတယ်​ ။ မဖြစ်​နိုင်​ပါဘူးကွာ။ မလုပ်​ချင်​ပါဘူး။ Accredited မဖြစ်​လဲ ဘာမှ မဖြစ်​ဘူးလို့ ခံယူထားရင်​ ​သေချာပီ အရှုံးနဲ့ ရင်​ဆိုင်​ရမယ်​ ။
လုပ်​ရမှာ​တွေကများ​တော့များတယ်​ ဖြစ်​​အောင်​လုပ်​မယ်​။ အခက်​အခဲ​တွေကို ငါတို့ရင်​ဆိုင်​မယ်​။ ကိုယ့်​​ကျောင်းအတွက်​ မျိုး​စေ့​ကောင်းချ​ပေးခဲ့မယ်​လို့ ခံယူထားရင်​  ​သေချာပြီ Success ဆိုတဲ့ ပန်းတိုင်​ကို ​ရောက်​ကို ​ရောက်​မယ်​ ။ ထိုကွာခြားချက်​ကို ကိုယ့်​ Uni က တာဝန်​ထမ်း​ဆောင်​​နေတဲ့ သူတ​ယောက်​ချင်းစီရဲ့ Attitude ပါ။

(ဆက်​လက်​​ဖော်​ပြပါဦးမည်​ )

No comments:

Post a Comment