Tuesday, January 10, 2017

work.com.mm


ယနေ့ ၁၀.၁.၂၀၁၇ ရက်နေ့တွင် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ၌
ပညာသင်နှစ် ပြီးဆုံးပြီးနောက် work.com.mm တွင် အလုပ်အကိုင် အခွင့် အလမ်းများအတွက် အခမဲ့ CV form တင်ခြင်းနှင့် ပတ်သတ်ပြီး Website knowledge  မျှဝေခြင်း
**************************************************************************************
အလုပ်အကိုင် အခွင့် အလမ်း အတွက် ကိုယ့်ရဲ့ CV form ကို အခမဲ့ တင်ခြင်းအားဖြင့် ကိုယ်နဲ့ ကိုက်ညီတဲ့ အရည်အချင်းအတွက် သက်ဆိုင်ရာ company များမှ phone (သို့ )mail ကနေတဆင့် interview ခေါ် ရန် smart ကျ ကျ ကမ်းလှမ်းလာခြင်းကို ရရှိနိုင်ပါသည်။

work.com.mm တွင် ကိုယ်ရဲ့ mail နဲ့ account လုပ်ဖို့ လိုအပ်ပါတယ် ။

1. Sign up မှတဆင့် ကိုယ်ရဲ့ mail ကို ရိုက်ပါ ။ password ရိုက်ပါ။ ပီးရင်တော့ sign up as job seeker ကို နှိပ်ပါ ။

2. Create CV ကတဆင့် မိမိရဲ့ Profile data တွေကို ဖြည့်ပါ။

3. Complete your profile to apply အတွက် level 3 ခုမှာ ရှိတဲ့ data တွေကို ကွက်လပ်မရှိ ဖြည့်နိုင်လေ percentage အမှတ် တက်လေ လေ ပါပဲ။

4. Level 1 အတွက် first name, last name , ph no , နဲ့ မိမိရဲ့ ကိုယ်တပိုင်းပုံကို upload လုပ်ပါ (not selfiee  :-P )  ပီးရင် proceed to education ကို နှိပ်ပါ။

5. Level 2 မှာ ကိုယ့်ရဲ့ education level နဲ့ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ဖြည့်ပါ။ ပီးရင် proceed to work experience ကို နှိပ်ပါ ။

6. work experience မရှိသေးရင် no prior work experience ကို ရွေးပါ။  other qualifications  နဲ့ about me အကြောင်းလေး ရေးပေးပါ။ သက်ဆိုင်ရာ data တွေ အကုန် ဖြည့်ပြီးရင် Level 3 မှာ proceed & find jobs ကို နှိပ်လိုက်ပါ။

ယခုလက်ရှိ work.com.mm မှာ 1502 jobs ရှိပါတယ်။ ကိုယ့်ရဲ့ CV သည် Percentage များရင် များသလောက် စိတ်ဝင်စားမှု များနိုင်ပါတယ်။

Search box ကနေလည်း ဘာအလုပ်တွေရှိလဲ သူတို့သတ်မှတ်ထားတဲ့ အရည်အချင်းကဘာလဲ ဆိုတာ ၀င်ရောက် ရှာဖွေနိုင်ပါကြောင်း။



❀ work.com.mm သည် မြန်မာနိုင်ငံ၏ အကြီးဆုံးအလုပ်အကိုင် ရှာဖွေရေးဝက်ဘ်ဆိုက် ပါ။
>300 Job seeker registrations everyday
>1000 applications everyday
>8000 Visitors everyday ရှိပါတယ်။

❀ သင့်ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများများမှတဆင့် အလုပ်အကိုင်အခွင့်အလမ်းများကို ယခုပင်ရှာဖွေနိုင်ပါတယ်။

❀ မိနစ်ပိုင်းအတွင်း လစာကောင်းကောင်း၊ ရာထူးမြင့်မြင့် အလုပ်အကိုင်များကို ရယူနိုင်ပါတယ်။

❀ မြန်မာနှင့် ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီကြီးများတွင် ယခုပင် အလုပ်လျှောက်နိုင်ပါတယ်။

❀ Job fair များရှိပါက ဖုန်းဖြင့် အကြောင်းကြားပေးပါတယ်။

CV ရေးတာ ဘာကြောင့် အရေးကြီးတာလဲ ?
❄❄ ❄❄❄ ❄❄❄ ❄❄❄ ❄❄❄ ❄❄❄ ❄
CV ဆိုတာက သင့်ဘ၀မှာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အရာတွေအားလုံးကို ဖော်ပြတဲ့အရေးကြီးဆုံးအရာ တစ်ခုလို့ ပြောလို့ရပါတယ်။ သင့်ကို အလုပ်ခန့်မယ့်သူတွေကို သင်က ဘယ်လိုလူမျိုးလည်းဆိုတာ သေချာရှင်းလင်း ပြတ်သားအောင် မြင်နိုင်စေဖို့ကလည်း အရေးကြီးပါတယ်။ CV ဆိုတာ သင့်ရဲ့ အရည်အချင်းတွေ၊ စွမ်းဆောင်ရည်တွေနဲ့ သင့်ရဲ့ အောင်မြင်မှုတွေကို ဖော်ပြလို့ ရလို့ သင့်အတွက်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတာပါ။

CV ကောင်းတစ်ခုကို ဘယ်လိုရေးမလဲ ?
************************************
❖ သင့်ရဲ့အရည်အချင်းတွေကို ဖော်ပြပါ။ သင့်ရဲ့ လက်ရှိဆက်သွယ်လို့ ရနိုင်မည့် အချက်အလက်တွေကို ဖြည့်စွက်ပါ။
❖သင့်ရဲ့အရင်က အလုပ်အတွေ့အကြုံတွေကို စာရင်းပြုလုပ်ပါ။
❖ပညာအရည်အချင်း၊ ဘာသာစကားတွေ ထည့်ပါ။
❖ထူးခြားကျွမ်းကျင်တဲ့စွမ်းရည်တွေကိုလည်း သင့်အလုပ်လျှောက်စာမှာ ထည့်သွင်းရေးသားပါ။
❖သင့်ရဲ့စိတ်ဝင်စားမှုနဲ့ လုပ်ရှားမှာတွေကို စာရင်းပြုလုပ်ပါ။
❖သင့်ရဲ့ CV ကိုထောက်ခံချက်၊ ထောက်ခံပေးမယ့်သူတွေ ထည့်ပါ။
❖သင်လျှောက်လိုသည့် အလုပ်အား မည်မျှ စိတ်ဝင်စားကြောင်း၊ သင်နှင့် မည်သို့ ကိုက်ညီကြောင်း သင့်အရည်အချင်းများအား ပြသပေးနိုင်မည့် Cover Letter တစ်စောင်အား ပြင်ဆင်ထားပါ။
❖CV ပုံစံ အခမဲ့ Download ပြုလုပ်ပါ။
❖သင့်ရဲ့အလုပ်လျှောက်စာကို PDF ပုံစံနဲ့လည်း ပြုလုပ်ထားပါ။

အခမဲ့ CV ဆွေးနွေးမှုအတွက် ယခုပင် ဆက်သွယ်လို့ရပါတယ်။

ဆက်သွယ်ရန်/
Email : info@work.com.mm
Facebook : www.facebook.com/work.com.mm
Linkedin : www.linkedin.com/company/work-com-mm

Credit>> work.com.mm' pamphlet မှ ကောက်နှုတ်ဖော်ပြထားပါသည်။