Wednesday, October 18, 2017

ISO, Accreditation, Outcomes (2nd portion)


ISO, Accreditation, Outcomes
=======================

4. Outcomes ​တွေ Objectives ​တွေ က ရှုပ်​​နေလို့ ဖြည်​ကြည့်​ရ​အောင်

️🏃 CO
=====
- စာသင်​နှစ်​တနှစ်​မှာ သင်​ရတဲ့ Course/ Curriculum ​တွေ ရှိပါတယ်​ ... တနည်းအားဖြင့်​ ဘာသာရပ်​​တွေပါ ... သင်​ကြားရတဲ့ Course ​တွေကို စာသင်​နှစ်​ တ နှစ်​မှာ သင်​ရမယ်​ ... သင်​ပြီးရင်​ က​လေး​တွေ ထို Course နဲ့ ပတ်​သတ်​ပြီး ဘာတွေသိမယ် ဘာတွေတတ်မယ် ဆိုတဲ့ အချက်​က အဓိက ပါ။ ထို့​ကြောင့်​ သက်​ဆိုင်​ရာ Curriculum တခုချင်းစီအတွက်​ Syllabus ​ရေးဖို့ လိုလာပြန်​​ရော ။ ထို Syllabus ထဲမှာ ထို Course ကို သင်​ရတဲ့ ရည်​ရွယ်​ချက်​ (Course Objectives) ၊ ထို Course ကို သင်​ပြီးသွားရင်​  Students ​တွေ ဘာ​တွေ သိသွားမယ်​ ဘာ​တွေ တတ်​သွားမယ်​ဆိုတဲ့ ရလာဒ်​ (Course Outcomes) ​တွေ ရှိရပါမယ်​။

ဒီ​နေရာမှာ Subjects ​တွေ အားလုံးအတွက်​  team ဖွဲ့ဖို့ လိုလာပြန်​​ရော ၊ ဖွဲ့တဲ့နေရာမှာ  ၅ ချက် ပါရမယ်...

i.  HoD
ii. Coordinators
iii. Advisor
iv. Assessors
v. Lecturers

i===========
HoD ကတော့ အဖွဲ့ အားလုံးမှာ ပါကို ပါရမယ်...
အဓိက Control လုပ်ရမယ်.... management လုပ်ရမယ်...

ii==============
Coordinators မှာ ကျတော့ ၂ ပိုင်းရှိတယ်...
* * * programme coordinators ( အပြင်လူနဲ့ ဆက်သွယ် ပြီး Data ကောက်ရမယ် )
* * * course coordinators  (course ရဲ့ objectives တွေ outcomes တွေ ကိုက်မကိုက် စစ်ရမယ် .... ဌာနက ထုတ်ထားတဲ့ vision ၊ mission   တွေနဲ့ ကလေးတွေရလာတဲ့ knowledge နဲ့ ကိုက်မကိုက်  )   ဆိုပြီး ၂ ပိုင်းရှိတယ်....

iii===========
Advisor ကတော့ ပြင်ပက ပညာရှင် တစ်ယောက် ဖိတ်ရမယ်....

iv===========
*Assessors ဆိုရင် Curriculum design ဆွဲတဲ့အခါ course ရဲ့ obj တွေ ကိုက်ညီမှု ရှိမရှိ
*obj နဲ့ outcomes တွေ မကိုက်ရင် teaching ကို ပြင်မလားးး outcomes တွေ ပြင်မလားးးး Course ကို ပြင်​မလားးး

v===========
Lectures အပိုင်းကတော့ အဲ့ ဘာသာရပ် အဖွဲ့အောက်မှာ သက်ဆိုင်ရာ ဘာသာရပ် သင်တဲ့သူ အကုန် အကြုံး ၀င်တယ်....

️🏃 PO
======
- ထို Course outcomes ​တွေကို စုစည်းပြီး ဌာနတခုချင်းစီမှာ ကိုယ့်​ Students ​တွေက 1st year to final year ပြီးလို့ ဘွဲ့ရသွားရင် သိသွား၊ တတ်​သွားမယ့် ရလာဒ်​ ​တွေက ဘာ​တွေဆိုတာ သတ်​မှတ်​​ပေးရပါတယ်​ ။ ထိုအရာကို ဌာနက သတ်​မှတ်​ထားတဲ့ ဘွဲ့ရသွားရင် သိသွားမယ့် Program outcomes လို့ ​ခေါ်တယ်​။ expected learning outcomes တွေ၊ ရေးဆွဲရမယ် ဖော်ထုတ်ရပါမယ်။

️🏃 PEO
======
- ဒါ့အပြင်​ ကိုယ့်​ဌာနက students ​တွေသည်​ ဘွဲ့ရပြီး ၄၊၅ နှစ်အကြာမှာ သက်​ဆိုင်​ရာ field အလိုက်​ ဘာ​တွေ ဆက်​သိသွားမယ်​၊ ဘာ​တွေ လုပ်​နိုင်​သွားမယ်​ဆိုတဲ့ အချက်​​တွေနဲ့ပတ်​သတ်​ပြီး ရည်​မှန်းချက်​​တွေ ရှိရပါမယ်​။ ထိုအရာကို ဘွဲ့ရပြီး ၄၊ ၅ နှစ်​အကြာမှာ ဆက်စပ်သိသွားမယ့် Program Educational objectives လို့​ခေါ်တယ်​။

️🏃 ELO
======
CO ​တွေ PO ​တွေ PEO ​တွေ အပြင်​ ​နောက်​ထပ်​အ​ရေးကြီးတာက ELO ပါ။ ELO ဆိုတာ ဘာလဲ ဆိုရင်​ Expected Learning Outcomes ကလဲ အ​ရေးပါလာပါတယ်​။ ELO တွေ ရေးတဲ့အခါမှာ ဆရာ/မတွေ နဲ့တင်​ မလုံ​လောက်​​တော့ပါဘူး။ students တွေ,  alumini တွေ, စက်ရုံအလုပ်ရုံတွေရဲ့ feedback တွေကိုပါထည့်သွင်းစဉ်းစားရပါတယ်။ ထိုအရာ​တွေ စုစည်းပြီးမှ ELO ကို ခိုင်​ခိုင်​မာမာ​ရေးရပါမယ်​။ ထို ELO ကို ​ရောက်​​အောင်​ သွားရမယ်​၊ မ​ရောက်​နိုင်​​သေးရင်​ Curriculum ​တွေကို ပြင်​သင့်​ရင်​ ပြင်​၊ Change သင့်​ရင်​ Change၊ Curriculum ​တွေ လိုအပ်​ရင်​ ထပ်​ထည့်​၊ မလိုအပ်​ရင်​ ဖြုတ်​ :-P  ၊ Update လုပ်​သင့်​ရင်​ လုပ်​၊ Training ​ပေးဖို့ လိုအပ်​ရင်​ ​ပေး၊  Internship ​တွေ ဆင်းဖို့လိုအပ်​ရင်​ Industry ​တွေနဲ့ ညှိ၊ Knowledge ​တွေ လိုအပ်​​နေ​သေးရင်​ ပြင်​ပ ပညာရှင်​​တွေ ဖိတ်​၊ ​ဟော​ပြောပွဲ​တွေ လုပ်​၊ Communication skill, Leadership & management skill, politics, economics ..... စသဖြင့်​ အဲ့တာ​တွေ လိုအပ်​​နေ​သေးရင်​ HSS ဘာသာရပ်​​တွေမှာ Curriculum ​တွေကို ပြန်​ညှိ ၊ အလုပ်​အကိုင်​အခွင့်​အလမ်း​တွေ စိတ်​ကြိုက်​​ရွေးချယ်​လို့ရမယ်​.......

(ဆက်​လက်​​ဖော်​ပြပါဦးမည်​။ )

No comments:

Post a Comment