Wednesday, October 18, 2017
ISO, Accreditation , Outcomes (3rd portion)
ISO, Accreditation, Outcomes
=======================
5. University တခု (သို့) ဌာနတခု စတင် လည်ပတ်ပြီ ဆိုကတည်းက plan တွေ အရင်ဆုံးချမှတ်ရမယ် ၊ ထို အရာကို vision , mission ဟုခေါ်တယ်
👓 Vision ဆိုတာဘာလဲ ⁉
Vision ဆိုတာ အမြင် ပဲ။ စိတ်ကူးဖြင့်ပုံဖော်ကြည့်တာပါ၊ ကိုယ့်တက္ကသိုလ်က / ကိုယ့်ဌာန က နောက် ၅ နှစ်/ ၁၀ နှစ် နေရင် ရောက်မည်. အမြင်ကို စစဉ်းစားရပါမယ်။
ဥပမာ အနေနဲ့ Microsoft ကို စတင်တည်ထောင်ခါစက Bill Gate ရဲ. Vision ဟာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။ ကွန်ပြူတာတိုင်းမှာ Microsoft Windows ရှိရမယ်။ Vision က ကိုယ်သွားချင်တဲ့လမ်းကြောင်းပါ ။
👓 Mission ဆိုတာ ဘာလဲ ⁉
Mission ဆိုတာ လူတဦး/ တစု ကို ပေးအပ်သည့်တာဝန် ပါ။ ဥပမာ တစ်ခုပေးရရင် Google ရဲ. Mission က ကမ္ဘာပေါ်မှာ ရှိတဲ. သတင်းအချက်အလက်တွေစုစည်းပြီး လူတွေကို အခမဲ့ပေးချင်တာပါ။ Mission ကတော. ကိုယ်.အတွက်မဟုတ်ဘူး။ သူတပါးအတွက်ပါ။
Course objectives တွေကြောင့် Course Outcomes တွေ ရှိလာမယ်၊ Course Outcomes တွေက ဌာနတခုရဲ့ PO တွေ PEO တွေကို အကောင်အထည်ပေါ်လာရမယ်၊ PO တွေ PEO တွေ နဲ့ကိုက်ညီပြီး ကျောင်းပြီးသွားတဲ့ ကလေးတွေက ဌာနက ရည်မှန်းထားတဲ့ Mission တွေ အတိုင်းဖြစ်လာမယ်၊ Mission တွေ တဆင့်ပြီး တဆင့် အောင်မြင်သွားရင် ဌာနရဲ့ Vision ကို အကောင်အထည်ဖော်နိုင်မယ် ၊ ထိုမှတဆင့် University ရဲ့ Vision , Mission တွေ လဲ အသက်ဝင်လာမယ် ၊
6. ထို Objectives တွေ၊ Outcomes တွေ နဲ့ကိုက်အောင်ရော သင်ရဲ့လား ⁉
နည်းနည်းတော့ မြင့်လာပြီ ၊
မြင့်မှာပေါ့ ဒီအချက်က Accreditation လမ်းကြောင်းမှာ အဓိက အချက်လို့ မြင်တယ်။ ဒီအချက်ကိုသာ အဓိက လို့ သဘောမထားပဲ သာမညလို့ သဘောထားလိုက်ရင် fake university ဖြစ်သွားမှာပါ၊ နောက်ဆို Private University တွေ မှိုလို ပေါက်လာတဲ့ခေတ်ရောက်လို့ ယှဉ်ပြိုင်ရတော့မယ်ဆိုရင် နောက်ကောက်ကျမနေအောင် ထို Objectives တွေ၊ Outcomes တွေ နဲ့ကိုက်အောင်ရော သင်ရဲ့လား ⁉ ဆိုတဲ့ မေးခွန်းအတွက် Teachers တွေရဲ့ Quality ကို Evaluation လုပ်ဖို့ လိုအပ်လာပါပြီ။
Students တွေက Teachers တွေကို feedback ပေးပြီး၊ ထို feedback ကို evaluation လုပ်ဖို့ဆိုရင်
- Students သည် ကျောင်းပုံမှန်တက်ရဲ့လား ⁉
- ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်ခဲ့လား ⁉
- ကြုံရာ ဖြည့်လိုက်တာလား ⁉
- ပညာရေးပြုပြင်ပြောင်းလဲမှုမှာ စိတ်ပါဝင်စားမှု ရှိရဲ့လား ⁉
- ကိုယ့် University, ကိုယ့် major ကို ချစ်တဲ့စိတ်နဲ့ အမြင်ကျယ်ကျယ်ဖြင့် ပူးပေါင်းဆောင်ရွက်မှု ရှိရဲ့လား ⁉ ဆိုတဲ့ အချက်တွေက Students တွေ ကို အရင်စမ်းစစ်ရမယ့် အချက်ပါ။
နည်းနည်းတော့ ရှုပ်တယ်၊ ရှုပ်ရင် ပြတ်ပြတ်သားသား ရှင်းမှ ရမယ် ။
(ကျောင်းပုံမှန်မတက်ဘဲ evaluation form ကောက်တဲ့နေ့မှ လာတဲ့ကလေးသည် Teachers တွေရဲ့ evaluation ကို မှန်ကန်အောင် ဖြည့်နိုင်ပါ့မလား)
ဒီ Evaluation နဲ့ ဆက်စပ်လာတာက Roll call 75% ပြည့်မပြည့်က အရေးပါလာပြီ။ Quality ကို ဦးစားပေးချင်ရင် Quantity လျော့မှာကို ရှေ့တန်းမတင်နဲ့၊ drop out ဖြစ်မှာကို မကြောက်နဲ့။ Quantity ကို "ရှေ့တန်းတင်ရင် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ဆီသို့ " ဆိုတဲ့ ဆိုင်းပုဒ်ကို ဖြုတ်လိုက်တော့ ...
ထိုအချက်ကနေ ဆက်ပြီးစဉ်းစားရင် Roll Call 75% က အရေးပါလား ⁉ ဆိုတဲ့ မေးခွန်း...
Roll Call ဆိုတာ မရှိတဲ့ နိုင်ငံခြားကျောင်းတချို့မှာ စာသင်ခန်းတွေမှာ လူရှိလားဆိုတော့ ရှိတယ်တဲ့ ။ ကိုယ့်အသိစိတ်နဲ့ကို လာတက်ကြတယ်လို့ အမတစ်ယောက်က ပြောဖူးတယ်။
မြန်မာပြည်မှာ အဲ့လို စနစ် ကျင့်သုံးလိုက်ရင်ရော အောင်မြင်မှာလား ⁉
ကိုယ့်အသိစိတ်နဲ့ ကိုယ့်ဘာသာ စာသင်ခန်းကို လာကြမှာလား ... ⁉
စာသင်ခန်းက အရေးမပါတော့ရင် ကျူရှင်တွေက လွမ်းမိုးလာမှာလား ⁉
မြန်မာပြည်က students တွေနဲ့ teachers တွေအကုန်လုံး ကိုယ်စောင့်ထိန်းရမယ့် ethics တွေကို ထိန်းနိုင်ပြီလား ⁉
ISO မှာ customer satisfaction က first priority ပါ။ Customers ဆိုတာ Students တွေပါ။ Quality education ရဲ့အသက်က Outcomes Based Education ပါ။
Accredited University ဖြစ်ဖို့ ဆိုရင် Academic & Supporting Staff တွေရော Students တွေရော Industry တွေရော Professional Educated persons တွေရော ပူးပေါင်းဆောင်ရွက်မှ Education Reform ဖြစ်လာမှာပါ ။
ကျေးဇူးတင်ပါတယ် ။
Reference>>ဆရာတင်ထွန်းအောင်
မိုးမိုးမြင့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment