Wednesday, October 18, 2017
SWOT Analysis (2nd portion)
SWOT Analysis အဆက်
(S: Skill ) ကျွမ်းကျင်မှုကတော့ Hard skill ရယ် Soft skill ရယ်ဆိုပြီး ၂ မျိုးရှိပါတယ် ။ OK.... Uni တခုချင်းစီမှာ ရှိတဲ့ သက်ဆိုင်ရာ Dept တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ Staff တွေသည် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်မှုရှိသလားပေါ့ဗျာ။ လိုအပ်နေသေးရင် Uni က ဘ်လို training တွေ ဖန်တီးပေးမလဲဆိုတဲ့ hard skill တွေ ပြည့်စုံရမယ် ။
Soft skill ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ EQ မြင့်မမြင့်ပေါ့ဗျာ။ EQ ဆိုတာ Emotional Quotient မိမိရဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည် ။ စိတ်ဓာတ်ရင့်ကျက်မှုလို့ definition ဖွင့်ကြတယ် ။ IQ မြင့်တဲ့သူတွေထက် EQ မြင့်တဲ့သူတွေက လုပ်ငန်းမှာ ပိုအောင်မြင်တာ တွေ့ရတယ် ။ ဘ၀မှာ အောင်မြင်ဖို့ဆိုရင် ဉာဏ်ကောင်းဖို့ထက် စိတ်ဓါတ်ရင့်ကျက် ခိုင်မာမှုက ပိုအရေး ကြီးတယ်ဆိုတဲ့ သဘောပေါ့။ EQ မှာပါတဲ့ စွမ်းရည်တွေက Self-awareness (မိမိကိုယ်ကို သိတာ)၊
Self-regulation (မိမိကိုယ်ကို ထိန်းသိမ်းနိုင်တာ)၊
Motivation၊ Empathy၊ Social skill .... အစရှိသဖြင့်ပေါ့။
(K: Knowledge) ပညာရပ်ပိုင်းကတော့ ကိုယ်တတ်ထားတဲ့ ပညာရပ်တွေနဲ့ ရပ်မနေနဲ့ Up to date ဖြစ်နေတဲ့ ပညာရပ်တွေ၊ Research တွေနဲ့ပတ်သတ်ပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် စဉ်ဆက်မပြတ် knowledge တွေရှိဖို့ International နဲ့ ရင်ဘောက်တန်းနိုင်အောင် Knowledgeable ဖြစ်ဖို့ လိုပါတယ် ။
(E: Experience) ကောင်းမွန်တဲ့အနာဂတ်တခုဖန်တီးနိုင်ဖို့ အောင်မြင်တဲ့ Uni တခု ဆက်လက်ရပ်တည်နိုင်ဖို့ ယခင် ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံတွေကနေ အမှားတွေ မအောင်မြင်မှုတွေ ကို သင်ခန်းစာယူပြီး ဘယ်လိုကောင်းအောင် လုပ်ရမလဲဆိုတဲ့နေရာမှာ Experience ကလည်း အရေးပါလာပါပြီ။
(C: Capacity) လုပ်ဆောင်နိုင်စွမ်း ကိုယ့် Uni ရဲ့ Dept တခုချင်းစီမှာရှိတဲ့ ဝန်ထမ်းအားလုံး ရဲ့ အလုပ်လုပ်နိုင်စွမ်းအား မြင့်မားဖို့ လိုပါတယ်။ ထိုသူတွေနဲ့ ဖွဲ့စည်းထားတဲ့ Uni ရဲ့အောင်မြင်မှုစွမ်းအားသည် Capacity ပေါ်မှာ လဲ မူတည်ပါတယ် ။
ထို PASKEC တခုချင်းကို trace လိုက်ပြီး Internal factors တွေကို Plan ချပြီး လုပ်ဆောင်ဖို့ လိုပါတယ် ။
F2:
===
P: Politics
E: Economics
S: Social
T: Technology
(P: Politics) OBE ကို ဦးတည်ပြီးသွားနေတဲ့ ခေတ်မှာ အစိုးရ/ပညာရေးဝန်ကြီးဌာန ရဲ့ မူဝါဒပြောင်းလဲသတ်မှတ်မှုတွေကို သိထားဖို့လည်း လိုပါတယ်။ Engineer တွေအဖြစ် အသက်မွေးဝမ်းကြောင်းလုပ်တော့မယ်ဆိုရင် ဘာလက်မှတ်ရှိမှ ညာလက်မှတ်ရှိမှ ဆိုတဲ့ အစိုးရ/ပညာရေးဝန်ကြီးဌာနက ချမှတ်လိုက်တဲ့ မူဝါဒတွေကိုလေ့လာဖို့လဲ လိုပါတယ် ။ Engineering ethics အရ ဘယ်လို rubric တွေကိုလိုက်နာရမယ်။ Invention တွေ Innovation တွေမှာ Intellectual Property (IP) နဲ့ ပတ်သတ်ပြီး rules တွေကို သိဖို့လိုပါတယ်။ အခုနောက်ပိုင်းသင်ရမယ့် HSS ဘာသာရပ်ရဲ့ တစိတ်တဒေသဖြစ်တဲ့ Political ပိုင်းကိုလဲ ထည့်ပြီးသင်ကြားခွင့်ရမယ် ထင်ပါတယ်။
(E: Economics) ကတော့ TU ဘက်က မွေးထုတ်လိုက်တဲ့ Alumni တွေသည် သူတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေကို အသုံးချပြီး ဘယ်လိုလုပ်ငန်းမျိုးလုပ်ရင် သင့်တော်မလဲ ၊ စီးပွားရေးဈေးကွက်အရ ဘယ်လိုအလုပ်အကိုင်မျိုးကို ရွေးချယ်သင့်သလဲ၊ ကိုယ်ဘာတွေ ဆက်လေ့လာဖို့ လိုသလဲ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မှာ ကိုယ့်နိုင်ငံမှာရော တခြားနိုင်ငံတွေမှာရေ ကိုယ်တတ်ထားထားတဲ့ Specialization area သည် ဘယ်လောက်ထိ အရေးပါနေပြီလဲ၊ Economics view ကို လဲ သိပြီး life long learning နဲ့ စီးပွားရေးဈေးကွက်ကို ဘယ်လို ထိုးဖောက်မယ်ဆိုတဲ့ အချက်ကလဲ အရေးပါ ပါတယ် ။
(S: Social) လူမှုရေးနယ်ပယ်ကတော့ ကိုယ့် Uni က students တွေသည် ကျောင်းပီးရင် သက်ဆိုင်ရာ နယ်ပယ်တွေမှာ အလုပ်လုပ်နိုင်ဖို့ Stakeholders တွေအကုန်လုံးနဲ့ Social Relationship ရှိဖို့ လိုပါတယ်။ Stakeholders တွေထဲက တခုဖြစ်တဲ့ Industry တွေ နဲ့ Social အရ ever communication ဖြစ်ဖို့လဲလိုပါတယ် ။
(T: Technology) နည်းပညာကျောင်းဆိုတော့ Technology အပိုင်းနဲ့ ပတ်သတ်ပြီး ထွေထွေထူးထူး မပြောတော့ပါဘူး။
🔜 ဒီ SWOT analysis တွေသုံးပြီး ပြိုင်ဘက်တွေဖြစ်တဲ့ Private Uni တွေကို ဘယ်လိုယှဉ်ပြိုင်ကြမလဲ။ SWOT Analysis ကနေ ပြင်စရာရှိရင် မြန်မြန်ပြင်ပြီး အောင်မြင်တဲ့ Plan တခု မြန်မြန်ချမှတ်နိုင်မှာပါ။ ဒါမှသာလျှင် ပြိုင်ဘက်တွေနဲ့ ရေရှည်ယှဉ်ပြိုင်နိုင်တဲ့ UNI တခု အဖြစ် မျိုးစေ့ချပေးနိုင်ခဲ့မှာပါ။
ကျေးဇူးတင်ပါတယ် ။
Reference> Dr ဇေယျဦး၊ Dr ဖြိုးသီဟ၊ Google
မိုးမိုးမြင့်
၁၆.၁၀.၂၀၁၇
Subscribe to:
Post Comments (Atom)
No comments:
Post a Comment