Monday, November 28, 2016


Student Evaluation အကြောင်း တစေ့တစောင်း
♥¥☆★☆★☆¥♥ ♥¥☆★☆★☆¥♥
❄ ကျောင်းသား/သူတွေ ဖြေထားတဲ့ စာမေးပွဲကို ဆရာ/မတွေက စစ်ပြီး Results ထုတ်ပေးသလို... အပြန်ပြန် အလှန်လှန် အနေနဲ့ ...ဆရာ/မတွေက ကျောင်းသား/သူတွေကို စာသင်တယ် ...အဲ့ အတန်းက ကျောင်းသား/သူတွေက စာသင်လိုက်တဲ့ ဆရာ/မကို အကဲဖြတ်သုံးသပ်မှုပေးခြင်းကို Student Evaluation ဆိုပြီး ခေါ်ကြတယ်။

❄ အခုလက်ရှိ ကျွန်တော်တာဝန်ထမ်းဆောင်နေတဲ့ တက္ကသိုလ် က သတ်မှတ်ထားတဲ့ အကဲဖြတ်သုံးသပ်မှုဆိုင်ရာမေးခွန်းများ ကတော့...

၁၊ ဘာသာရပ်နယ်ပယ်တွင် ကောင်းစွာ တတ်ကျွမ်းနှံ့စပ်မှုရှိသည်။
( ဆရာ/မတစ်ယောက် ဘာသာရပ်ကို တတ်ကျွမ်းနှံ့စပ်မှု ရှိ မရှိ။ ဆရာ/မသည် သူသင်တဲ့ ဘာသာရပ်နယ်ပယ်မှာ ကျွမ်းကျင်မှု ရှိသော်လည်း  တစုံတခုကြောင့် ထိန်ချန်ပြီး အတန်းထဲမှာ 100% ချပြပေးခြင်း ရှိ မရှိ။ 100% ချပြချင်သော်လည်း ချပြဖို့ သက်ဆိုင်ရာဘာသာရပ်အတွက် ကျွမ်းကျင်မှု ရှိ မရှိဆိုတာလည်း အဲ့အတန်းမှာ သင်နေတဲ့ ကျောင်းသား/သူများက အသိဆုံးဖြစ်မှာပါ။ )

၂၊ သင်ကြားပြသရာတွင် စိတ်အားထက်သန်မှုရှိသည်။
(ဆရာမဆိုတာ တချိန်တုန်းက ကျောင်းသူပါဆိုသလိုပဲ First Year တက်တုန်းက အဖြစ်ကို သွားသတိရမိတယ်... ဆရာမသည် အတန်းဝင်တယ် အသံတိုးတယ်၊ Blackboard ကိုပဲ စာသင်နေသလား အောက်မေ့ရတယ်၊ စာမေးလည်း မရေမရာ .... စိတ်အားထက်သန်မှုလည်းမရှိ ... သင်ယူနေသူများသည် ထိုဘာသာရပ်အတွက် လိမ်ဖယ် လိမ်ဖယ်ပါ။  စော်ကားလိုစိတ်ဖြင့် ရေးတာမဟုတ်ပေမယ့် အရှိကို အရှိအတိုင်း ရေးခြင်းပါ။ ဒါကြောင့် ဒီအချက်သည်လည်း ကျောင်းသား/သူများရဲ့ Motivation ကို မြှင့်တင်နိုင်အောင် စာသင်တဲ့ အခါ ဆရာ/မသည် စိတ်အားထက်သန်ဖို့ အဓိက ကြပါတယ်)

၃၊ သင်ကြားရန်ကောင်းစွာ ကြိုတင်ပြင်ဆင်လာသည်။
(ပွဲမ၀င်ခင် အပြင်က ကျင်းပ ဆိုသည့်အတိုင်း ဆရာ/မများသည် ၄င်းတို့၏ သက်ဆိုင်ရာဘာသာရပ် အတွက် ကြိုတင် ပြင်ဆင်ပြီးမှ အတန်းဝင်သင့်ပေသည်။ အဲ့လိုမှ မလုပ်ခဲ့ရင် အတန်းထဲ ရောက်မှ အဖြေက မထွက်၊ error ကတက်၊ အတန်းထဲရောက်မှ ဂဂျိုးဂကြောင် ဖြစ်ရင် တန်ဖိုးရှိတဲ့ အတန်းချိန်တွေ မလိုလားအပ်ဘဲ ဆုံးရှုံးနိုင်ပါတယ်။ )

၎၊ ရှင်းလင်းစွာ ပြောဆိုတင်ပြနိုင်သည်။
(စာရှင်းတဲ့ အချိန်မှာ ဆရာ/မတွေသည် ကိုယ်သင်တဲ့ ဘာသာရပ်နဲ့ပတ်သတ်ပြီး ကျောင်းသား/သူတွေ ကို ဘယ်လိုရှင်းရင် နားလည်နိုင်မလဲဆိုတဲ့ secret ကို  ကြိုတင်လေ့လာထားခြင်းဟာ teaching နဲ့ ပတ်သတ်ပြီး အဲ့ ဆရာ/မရဲ့ own contribution ပါ။)

၅၊ စာမေးရန်၊ ဆွေးနွေးရန် လွယ်ကူသည်။
(သင်ကြားတဲ့ ဆရာ/မ သည် စာမေးရန်နှင့် ဆွေးနွေးရန် အချိန်ကို တရားဝင် အချိန်တွေမှာ လုံလောက်စွာ ပေးထားရပါမယ်။ တရားမ၀င် အချိန်တွေအတွက် တရားမ၀င်နေရာကို လာမှသာ စာရှင်းမယ်၊ ဆွေးနွေးမယ် လို့ ပြောထားခြင်း မရှိရပါ။)

၆၊ ကျောင်းသား/သူများအား အသုံးဝင်သော လမ်းညွှန်မှုများပေးတတ်သည်။
(အသုံးဝင်သော လမ်းညွှန်မှုများ ပေးခဲ့ခြင်း ရှိ မရှိ သည်လည်း ထိုအတန်းက ကျောင်းသား/သူများသာ အသိဆုံး ဖြစ်ပါတယ်။)

၇၊ အတန်းချိန် ပုံမှန် ၀င်ရောက်သည်။
(ဆရာ/မတွေက punctual ဖြစ်မှ ကျောင်းသား/သူများကလည်း punctual ဖြစ်မှာပါ။ )

❄ ထို ၇ ချက်နဲ့ ပတ်သတ်ပြီး ဆရာ/မများ၏ သင်ကြားမှု နည်းစနစ် အပေါ် ကျောင်းသား/သူများမှ သုံးသပ်ချက် ပေးခြင်းနဲ့ ပတ်သတ်ပြီး ကျောင်းသား/သူများမှ စိတ်ရော ကိုယ်ပါ နှစ်ပြီး
(ပိုညံ့၊ ညံ့၊ သာမန်၊ တော်၊ ပိုတော်) ကို အမှန်တကယ်ဖြည့်ပါ၊ ကိုယ့်ဆရာမမို့ အားနာစရာမလိုပါ၊ ပုဂ္ဂိုလ်ရေး ခံစားချက် မပါဝင် ဘဲ ဖြည့်ပါ၊ အရှိကို အမှန်အတိုင်း ဖြည့်ပါ၊ ပီးပီးရော ဖြည့်ခြင်းမဟုတ်ဘဲ သေချာစဉ်းစားပြီး ဖြည့်ရန် တိုက်တွန်းပါတယ်။

❄ ဒါမှသာ လိုအပ်ချက် ရှိသော ဆရာ/မတွေသည် ကိုယ်ကိုယ်တိုင် တိုးတက်မှုရှိအောင် လုပ်မယ်။ စေတနာ ထားတတ်လာမယ်။ အလုပ်ကို ချစ်မြတ်နိုးလာမယ်။ သင်ကြားနည်းနဲ့ ပတ်သတ်ပြီး New Creation တွေ ပေါ်လာမယ်။ လေ့လာ လိုက်စားမှုအား ကောင်းလာမယ်။ Good Motivation တွေရလာမှာပါ။

❄ ကိုယ်ရဲ့ Future Education Environment ကို အမှန်တကယ်ပြောင်းလဲချင်ရင် ကိုယ်တိုင်လုပ်မှ ရနိုင်မှာပါ။ တစုံတယောက်ကို အားနာရင် အနာဂတ် ကို သစ္စာဖောက်ရာ ကျနိုင်တယ်ဆိုတဲ့ စကားဟာ အလွန်မှန်ပါတယ်။

❄ ကျွန်တော်သည် အလုပ် လုပ်ရင်လည်း စိတ်ရော ကိုယ်ပါ လုပ်တတ်တာမို့ ကျွန်တော်နဲ့ သက်ဆိုင်တဲ့ ရရှိလာတဲ့ Result (see the photo) တွေကိုလည်း စိတ်ဝင်တစားနဲ့ အမြဲတန်ဖိုးထားတတ်ပါတယ်။ လိုအပ်ချက်ရှိနေသေးပါက ဆက်လက်ကြိုးစားပါမည်။

•°*”˜˜”*°•.¸☆ ★ ☆¸.•°*”˜˜”*°•.¸☆
မိုးမိုးမြင့်
၂၈.၁၁.၂၀၁၆



No comments:

Post a Comment