Sunday, November 27, 2016

 ပုံများဖြင့် လက်တွေ့ကမ္ဘာကြီးအား ဖန်တီးခြင်း
♥¥☆★☆★☆¥♥ ★☆✿ ♥¥☆★♥
ဒီဆောင်းပါးရဲ့ အဓိကရည်ရွယ်ချက်ကတော့ Digital Image Processing Concepts တွေဟာ Real World မှာ ဘယ်လောက်ထိ အရေးပါသလဲဆိုတာရယ် ဘယ်နေရာမှာ အသုံးပြုနေကြတာလဲဆိုတာနဲ့ ပတ်သတ်ပြီး ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ Picture Elements တနည်းအားဖြင့် Pixels လေးတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ Image တွေကို Processing လုပ်တဲ့အခါ အသုံးပြုတဲ့ သီအိုရီ တွေဟာ အင်မတန်မှ ရှုပ်ထွေးနက်နဲလွန်းလှပါတယ်။ ထို့ကြောင့် ပုံလေးတစ်ပုံ ဖြစ်ပေသော်ငြားလည်း Real World မှာ ဘယ်လောက်ထိ အရေးပါသလဲဆိုတာနဲ့ ပတ်သတ်ပြီး Anonymous ဆိုတဲ့ သုတေသနပညာရှင်တစ်ဦးက One Picture is worth more than ten thousand words ဆိုပြီး တင်စားခဲ့ပါတယ်။
လွန်ခဲ့သောနှစ်ပေါင်း တစ်ရာခန့်က Newspaper Pictures တွေကို လန်ဒန်ကနေ နယူးယောက်ကို ပို့ဖို့ Submarine Cable တွေကနေတစ်ဆင့် ပုံတွေကို Transmission လုပ်ခဲ့ကြတယ်။ အတ္တလန္တိတ် သမုဒ္ဒရာအောက်က Submarine Cable တွေကနေတဆင့် ပို့တဲ့သူ ဘက်ကနေ လက်ခံတဲ့သူဘက်ကို ပုံလေးတစ်ပုံရောက်ဖို့ တစ်ပတ်တောင်ကြာခဲ့တယ်။ Transmission Time ကြာရုံတင်မကဘဲ ပို့တဲ့သူဘက်က Encode လုပ်ပြီး ပို့လိုက်တဲ့ Image Signal တွေကို လက်ခံတဲ့သူဘက်က ပထမအဆင့်အနေနဲ့ Decode ပြန်လုပ်ရတယ်။ နောက်ဆုံးမှာတော့ Printing Equipment တွေသုံးပြီး Print ထုတ်လိုက်တဲ့အခါမှာ Brightness Quality ကျသွားတဲ့ ပုံတွေကိုသာ လက်ခံရရှိခဲ့ကြတယ်။
၁၉၂၀ ခုနှစ်မှာ သုတေသနပညာရှင်တွေက Submarine Cable တွေအစား Bartlane Cable တွေကို သုံးလိုက်တဲ့အခါမှာ Transmission Time တစ်ပတ်ကြာချိန်ကနေ သုံးနာရီလောက်ထိကို လျှော့ချနိုင်ခဲ့ကြတယ်။ Time Consuming ကို လျှော့ချအောင်မြင်တော့ Printing Procedures နဲ့ Cable ကြိုးရဲ့ Noise Effects တွေကြောင့် ပုံတွေရဲ့ Brightness Levels လျှော့ကျတာနဲ့ ပတ်သတ်ပြီး သုတေသနပညာရှင်တွေက သုတေသနတွေ ဆက်လက်ပြုစုခဲ့ကြတယ်။ စောစောပိုင်း Bartlane Systems တွေမှာ ပုံတွေကို five brightness levels လောက်ထိ Decode လုပ်နိုင်ခဲ့ရာကနေ ၁၉၂၉ ခုနှစ် ရောက်တော့ Fifteen Levels လောက်ထိကို Brightness Quality Levels ကို မြှင့်တင်လာနိုင်ခဲ့ကြတယ်။
အဲ့ဒီနောက်ပိုင်း သုံးဆယ့်ငါးနှစ်လောက်လည်း ကြာရော Large Scale Computer တွေနဲ့ Programming Language တွေ အသီးသီးပေါ်ပေါက်လာမှုက Image Processing Concept တွေရဲ့ ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်လာကြတယ်။ အခုဆိုရင် Best Quality Image တွေတင်မကဘဲ Live Video (သို့) Live CCTV တွေကို မျက်စိတမှိတ်အတွင်းမှာ ကမ္ဘာ့ရဲ့ဘယ်နေရာကိုမဆို Formats အမျိုးမျိုးနဲ့ရော Bandwidth အမျိုးမျိုးနဲ့ပါ အင်တာနက်ကိုသုံးပြီး ပို့လွှတ်နိုင်ခဲ့ကြတယ်။
အမျိုးမျိုးသော နည်းပညာတွေကို တွေ့ရှိပြီးတဲ့နောက်မှာ ယခုလက်ရှိအချိန်ထိ Research Field တော်တော်များများမှာ Digital Image Processing ကို အသုံးပြုလာကြတာ တွေ့ရတယ်။ ဥပမာအနေနဲ့ ပြောရရင် ဆေးပညာနယ်ပယ်နဲ့ ပတ်သတ်ပြီး လေ့လာကြည့်မယ်ဆိုရင် X-Ray, Ultrasound, CT, MRI အစရှိတဲ့ ဓါတ်မှန်တွေကနေ Medical Image Processing Technique တွေကို သုံးပြီး ရောဂါတွေကို ရှာဖွေလာကြတယ်။ ခန္ဓာဗေဒဆိုင်ရာကို ရိုက်တဲ့ Anatomical Images နဲ့ သွေးကြောကို ရိုက်တဲ့ Vascular Images တွေကနေတဆင့် Brain Tumor ၊ Breast Cancer ၊ Liver ၊ coronary thrombosis အစရှိတဲ့ ရောဂါများကို  တိကျမှန်ကန်စွာနဲ့ အချိန်တိုအတွင်းမှာ အမျိုးမျိုးသော ရောဂါတွေကို ရှာဖွေပေးနိုင်ဖို့ Computer-Aided Diagnosis Software တွေ ပေါ်ပေါက်လာပါတယ်။
.........
ဆက်လက်ဖော်ပြပါဦးမည်။
ဒေါက်တာမိုးမိုးမြင့်
နည်းပညာတက္ကသိုလ် (ကျောက်ဆည်)

No comments:

Post a Comment