Wednesday, October 18, 2017
ISO, Accreditation , Outcomes (3rd portion)
ISO, Accreditation, Outcomes
=======================
5. University တခု (သို့) ဌာနတခု စတင် လည်ပတ်ပြီ ဆိုကတည်းက plan တွေ အရင်ဆုံးချမှတ်ရမယ် ၊ ထို အရာကို vision , mission ဟုခေါ်တယ်
👓 Vision ဆိုတာဘာလဲ ⁉
Vision ဆိုတာ အမြင် ပဲ။ စိတ်ကူးဖြင့်ပုံဖော်ကြည့်တာပါ၊ ကိုယ့်တက္ကသိုလ်က / ကိုယ့်ဌာန က နောက် ၅ နှစ်/ ၁၀ နှစ် နေရင် ရောက်မည်. အမြင်ကို စစဉ်းစားရပါမယ်။
ဥပမာ အနေနဲ့ Microsoft ကို စတင်တည်ထောင်ခါစက Bill Gate ရဲ. Vision ဟာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။ ကွန်ပြူတာတိုင်းမှာ Microsoft Windows ရှိရမယ်။ Vision က ကိုယ်သွားချင်တဲ့လမ်းကြောင်းပါ ။
👓 Mission ဆိုတာ ဘာလဲ ⁉
Mission ဆိုတာ လူတဦး/ တစု ကို ပေးအပ်သည့်တာဝန် ပါ။ ဥပမာ တစ်ခုပေးရရင် Google ရဲ. Mission က ကမ္ဘာပေါ်မှာ ရှိတဲ. သတင်းအချက်အလက်တွေစုစည်းပြီး လူတွေကို အခမဲ့ပေးချင်တာပါ။ Mission ကတော. ကိုယ်.အတွက်မဟုတ်ဘူး။ သူတပါးအတွက်ပါ။
Course objectives တွေကြောင့် Course Outcomes တွေ ရှိလာမယ်၊ Course Outcomes တွေက ဌာနတခုရဲ့ PO တွေ PEO တွေကို အကောင်အထည်ပေါ်လာရမယ်၊ PO တွေ PEO တွေ နဲ့ကိုက်ညီပြီး ကျောင်းပြီးသွားတဲ့ ကလေးတွေက ဌာနက ရည်မှန်းထားတဲ့ Mission တွေ အတိုင်းဖြစ်လာမယ်၊ Mission တွေ တဆင့်ပြီး တဆင့် အောင်မြင်သွားရင် ဌာနရဲ့ Vision ကို အကောင်အထည်ဖော်နိုင်မယ် ၊ ထိုမှတဆင့် University ရဲ့ Vision , Mission တွေ လဲ အသက်ဝင်လာမယ် ၊
6. ထို Objectives တွေ၊ Outcomes တွေ နဲ့ကိုက်အောင်ရော သင်ရဲ့လား ⁉
နည်းနည်းတော့ မြင့်လာပြီ ၊
မြင့်မှာပေါ့ ဒီအချက်က Accreditation လမ်းကြောင်းမှာ အဓိက အချက်လို့ မြင်တယ်။ ဒီအချက်ကိုသာ အဓိက လို့ သဘောမထားပဲ သာမညလို့ သဘောထားလိုက်ရင် fake university ဖြစ်သွားမှာပါ၊ နောက်ဆို Private University တွေ မှိုလို ပေါက်လာတဲ့ခေတ်ရောက်လို့ ယှဉ်ပြိုင်ရတော့မယ်ဆိုရင် နောက်ကောက်ကျမနေအောင် ထို Objectives တွေ၊ Outcomes တွေ နဲ့ကိုက်အောင်ရော သင်ရဲ့လား ⁉ ဆိုတဲ့ မေးခွန်းအတွက် Teachers တွေရဲ့ Quality ကို Evaluation လုပ်ဖို့ လိုအပ်လာပါပြီ။
Students တွေက Teachers တွေကို feedback ပေးပြီး၊ ထို feedback ကို evaluation လုပ်ဖို့ဆိုရင်
- Students သည် ကျောင်းပုံမှန်တက်ရဲ့လား ⁉
- ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်ခဲ့လား ⁉
- ကြုံရာ ဖြည့်လိုက်တာလား ⁉
- ပညာရေးပြုပြင်ပြောင်းလဲမှုမှာ စိတ်ပါဝင်စားမှု ရှိရဲ့လား ⁉
- ကိုယ့် University, ကိုယ့် major ကို ချစ်တဲ့စိတ်နဲ့ အမြင်ကျယ်ကျယ်ဖြင့် ပူးပေါင်းဆောင်ရွက်မှု ရှိရဲ့လား ⁉ ဆိုတဲ့ အချက်တွေက Students တွေ ကို အရင်စမ်းစစ်ရမယ့် အချက်ပါ။
နည်းနည်းတော့ ရှုပ်တယ်၊ ရှုပ်ရင် ပြတ်ပြတ်သားသား ရှင်းမှ ရမယ် ။
(ကျောင်းပုံမှန်မတက်ဘဲ evaluation form ကောက်တဲ့နေ့မှ လာတဲ့ကလေးသည် Teachers တွေရဲ့ evaluation ကို မှန်ကန်အောင် ဖြည့်နိုင်ပါ့မလား)
ဒီ Evaluation နဲ့ ဆက်စပ်လာတာက Roll call 75% ပြည့်မပြည့်က အရေးပါလာပြီ။ Quality ကို ဦးစားပေးချင်ရင် Quantity လျော့မှာကို ရှေ့တန်းမတင်နဲ့၊ drop out ဖြစ်မှာကို မကြောက်နဲ့။ Quantity ကို "ရှေ့တန်းတင်ရင် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ဆီသို့ " ဆိုတဲ့ ဆိုင်းပုဒ်ကို ဖြုတ်လိုက်တော့ ...
ထိုအချက်ကနေ ဆက်ပြီးစဉ်းစားရင် Roll Call 75% က အရေးပါလား ⁉ ဆိုတဲ့ မေးခွန်း...
Roll Call ဆိုတာ မရှိတဲ့ နိုင်ငံခြားကျောင်းတချို့မှာ စာသင်ခန်းတွေမှာ လူရှိလားဆိုတော့ ရှိတယ်တဲ့ ။ ကိုယ့်အသိစိတ်နဲ့ကို လာတက်ကြတယ်လို့ အမတစ်ယောက်က ပြောဖူးတယ်။
မြန်မာပြည်မှာ အဲ့လို စနစ် ကျင့်သုံးလိုက်ရင်ရော အောင်မြင်မှာလား ⁉
ကိုယ့်အသိစိတ်နဲ့ ကိုယ့်ဘာသာ စာသင်ခန်းကို လာကြမှာလား ... ⁉
စာသင်ခန်းက အရေးမပါတော့ရင် ကျူရှင်တွေက လွမ်းမိုးလာမှာလား ⁉
မြန်မာပြည်က students တွေနဲ့ teachers တွေအကုန်လုံး ကိုယ်စောင့်ထိန်းရမယ့် ethics တွေကို ထိန်းနိုင်ပြီလား ⁉
ISO မှာ customer satisfaction က first priority ပါ။ Customers ဆိုတာ Students တွေပါ။ Quality education ရဲ့အသက်က Outcomes Based Education ပါ။
Accredited University ဖြစ်ဖို့ ဆိုရင် Academic & Supporting Staff တွေရော Students တွေရော Industry တွေရော Professional Educated persons တွေရော ပူးပေါင်းဆောင်ရွက်မှ Education Reform ဖြစ်လာမှာပါ ။
ကျေးဇူးတင်ပါတယ် ။
Reference>>ဆရာတင်ထွန်းအောင်
မိုးမိုးမြင့်
ISO, Accreditation, Outcomes (2nd portion)
ISO, Accreditation, Outcomes
=======================
4. Outcomes တွေ Objectives တွေ က ရှုပ်နေလို့ ဖြည်ကြည့်ရအောင်
️🏃 CO
=====
- စာသင်နှစ်တနှစ်မှာ သင်ရတဲ့ Course/ Curriculum တွေ ရှိပါတယ် ... တနည်းအားဖြင့် ဘာသာရပ်တွေပါ ... သင်ကြားရတဲ့ Course တွေကို စာသင်နှစ် တ နှစ်မှာ သင်ရမယ် ... သင်ပြီးရင် ကလေးတွေ ထို Course နဲ့ ပတ်သတ်ပြီး ဘာတွေသိမယ် ဘာတွေတတ်မယ် ဆိုတဲ့ အချက်က အဓိက ပါ။ ထို့ကြောင့် သက်ဆိုင်ရာ Curriculum တခုချင်းစီအတွက် Syllabus ရေးဖို့ လိုလာပြန်ရော ။ ထို Syllabus ထဲမှာ ထို Course ကို သင်ရတဲ့ ရည်ရွယ်ချက် (Course Objectives) ၊ ထို Course ကို သင်ပြီးသွားရင် Students တွေ ဘာတွေ သိသွားမယ် ဘာတွေ တတ်သွားမယ်ဆိုတဲ့ ရလာဒ် (Course Outcomes) တွေ ရှိရပါမယ်။
ဒီနေရာမှာ Subjects တွေ အားလုံးအတွက် team ဖွဲ့ဖို့ လိုလာပြန်ရော ၊ ဖွဲ့တဲ့နေရာမှာ ၅ ချက် ပါရမယ်...
i. HoD
ii. Coordinators
iii. Advisor
iv. Assessors
v. Lecturers
i===========
HoD ကတော့ အဖွဲ့ အားလုံးမှာ ပါကို ပါရမယ်...
အဓိက Control လုပ်ရမယ်.... management လုပ်ရမယ်...
ii==============
Coordinators မှာ ကျတော့ ၂ ပိုင်းရှိတယ်...
* * * programme coordinators ( အပြင်လူနဲ့ ဆက်သွယ် ပြီး Data ကောက်ရမယ် )
* * * course coordinators (course ရဲ့ objectives တွေ outcomes တွေ ကိုက်မကိုက် စစ်ရမယ် .... ဌာနက ထုတ်ထားတဲ့ vision ၊ mission တွေနဲ့ ကလေးတွေရလာတဲ့ knowledge နဲ့ ကိုက်မကိုက် ) ဆိုပြီး ၂ ပိုင်းရှိတယ်....
iii===========
Advisor ကတော့ ပြင်ပက ပညာရှင် တစ်ယောက် ဖိတ်ရမယ်....
iv===========
*Assessors ဆိုရင် Curriculum design ဆွဲတဲ့အခါ course ရဲ့ obj တွေ ကိုက်ညီမှု ရှိမရှိ
*obj နဲ့ outcomes တွေ မကိုက်ရင် teaching ကို ပြင်မလားးး outcomes တွေ ပြင်မလားးးး Course ကို ပြင်မလားးး
v===========
Lectures အပိုင်းကတော့ အဲ့ ဘာသာရပ် အဖွဲ့အောက်မှာ သက်ဆိုင်ရာ ဘာသာရပ် သင်တဲ့သူ အကုန် အကြုံး ၀င်တယ်....
️🏃 PO
======
- ထို Course outcomes တွေကို စုစည်းပြီး ဌာနတခုချင်းစီမှာ ကိုယ့် Students တွေက 1st year to final year ပြီးလို့ ဘွဲ့ရသွားရင် သိသွား၊ တတ်သွားမယ့် ရလာဒ် တွေက ဘာတွေဆိုတာ သတ်မှတ်ပေးရပါတယ် ။ ထိုအရာကို ဌာနက သတ်မှတ်ထားတဲ့ ဘွဲ့ရသွားရင် သိသွားမယ့် Program outcomes လို့ ခေါ်တယ်။ expected learning outcomes တွေ၊ ရေးဆွဲရမယ် ဖော်ထုတ်ရပါမယ်။
️🏃 PEO
======
- ဒါ့အပြင် ကိုယ့်ဌာနက students တွေသည် ဘွဲ့ရပြီး ၄၊၅ နှစ်အကြာမှာ သက်ဆိုင်ရာ field အလိုက် ဘာတွေ ဆက်သိသွားမယ်၊ ဘာတွေ လုပ်နိုင်သွားမယ်ဆိုတဲ့ အချက်တွေနဲ့ပတ်သတ်ပြီး ရည်မှန်းချက်တွေ ရှိရပါမယ်။ ထိုအရာကို ဘွဲ့ရပြီး ၄၊ ၅ နှစ်အကြာမှာ ဆက်စပ်သိသွားမယ့် Program Educational objectives လို့ခေါ်တယ်။
️🏃 ELO
======
CO တွေ PO တွေ PEO တွေ အပြင် နောက်ထပ်အရေးကြီးတာက ELO ပါ။ ELO ဆိုတာ ဘာလဲ ဆိုရင် Expected Learning Outcomes ကလဲ အရေးပါလာပါတယ်။ ELO တွေ ရေးတဲ့အခါမှာ ဆရာ/မတွေ နဲ့တင် မလုံလောက်တော့ပါဘူး။ students တွေ, alumini တွေ, စက်ရုံအလုပ်ရုံတွေရဲ့ feedback တွေကိုပါထည့်သွင်းစဉ်းစားရပါတယ်။ ထိုအရာတွေ စုစည်းပြီးမှ ELO ကို ခိုင်ခိုင်မာမာရေးရပါမယ်။ ထို ELO ကို ရောက်အောင် သွားရမယ်၊ မရောက်နိုင်သေးရင် Curriculum တွေကို ပြင်သင့်ရင် ပြင်၊ Change သင့်ရင် Change၊ Curriculum တွေ လိုအပ်ရင် ထပ်ထည့်၊ မလိုအပ်ရင် ဖြုတ် :-P ၊ Update လုပ်သင့်ရင် လုပ်၊ Training ပေးဖို့ လိုအပ်ရင် ပေး၊ Internship တွေ ဆင်းဖို့လိုအပ်ရင် Industry တွေနဲ့ ညှိ၊ Knowledge တွေ လိုအပ်နေသေးရင် ပြင်ပ ပညာရှင်တွေ ဖိတ်၊ ဟောပြောပွဲတွေ လုပ်၊ Communication skill, Leadership & management skill, politics, economics ..... စသဖြင့် အဲ့တာတွေ လိုအပ်နေသေးရင် HSS ဘာသာရပ်တွေမှာ Curriculum တွေကို ပြန်ညှိ ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ စိတ်ကြိုက်ရွေးချယ်လို့ရမယ်.......
(ဆက်လက်ဖော်ပြပါဦးမည်။ )
ISO, Accreditation, Outcomes (1st portion)
ISO, Accreditation, Outcomes
=======================
ISO ဆိုတဲ့ စကားလုံးကို ကြားဖူးနားဝ ရှိခဲ့တာ ပြီးခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်လောက်က YTU မှာ Postgrad တက်တော့ စပြီး ကြားဖူးခဲ့တယ် ....
ဘာများလဲလို့ အဲ့တုန်းကတည်းက စိတ်ဝင်စားခဲ့တာ ...
နည်းနည်းတော့ လေ့လာခဲ့ဖူးတယ် ... ကိုယ့် Thesis နဲ့ကိုယ် တိုင်ပတ်နေတော့  📚 အများကြီးတော့ မလေ့လာခဲ့ဘူး ...
1. ISO ဆိုတာဘာလဲ ⁉
ISO : International Organization for Standardization /
International Standards Organization ပါ ...
ကျတော်တို့ မြန်မာပြည်က တက္ကသိုလ်တွေ ISO ကို ဘာကြောင့် ရအောင်လုပ်သလဲ ဆိုရင် တချိန်မှာ တက္ကသိုလ်တွေ က Autonomy များ ရလာခဲ့ရင်၊ စနစ်တကျရှိတဲ့ နိုင်ငံတကာအသိအမှတ်ပြု Management System တခုကို အရင်ဆုံး လိုက်နာကျင့်သုံးလိုက်တာပဲဖြစ်ပါတယ်။
ISO ရဲ့ trend ကိုက Independent, non-governmental international organization ပါ ... စီမံခန့်ခွဲမှုပိုင်းမှာ ISO certified ဖြစ်သွားပြီး Autonomous University အဖြစ် အသိအမှတ်ပြုလိုက်ရင်တော့ ၀န်ကြီးဌာနရဲ့ Authority/ Instructions တွေကို ယူစရာမလိုဘဲ ကိုယ့်တက္ကသိုလ် ကို စီမံခန့်ခွဲဖို့ ကိုယ့်ဘာသာ Try ပြီး တက္ကသိုလ်ကြီး ကမ္ဘာ့အဆင့်မီအောင် ကြိုးစားအားထုတ်ရမှာ တက္ကသိုလ်မှာရှိတဲ့ from top to bottom ထိ ၀န်ထမ်းအားလုံးရဲ့ တာဝန်ဖြစ်သွားပြီ ...
ဒါကြောင့် ISO certified ဖြစ်ဖို့ တက္ကသိုလ် တွေတင် လိုအပ်တာမဟုတ်ပါဘူး ... Industry , food safety,agriculture, healthcare ပိုင်းက organization တွေအတွက်လဲ လိုပါတယ် ...
ok.... ISO ရပြီးရင် နောက်တဆင့်က Accreditation ရဖို့လဲ လိုအပ်ပါတယ်
2. Accreditation ဆိုတာဘာလဲ ⁉
Accreditation ဆိုတာ ဒီတက္ကသိုလ်ကထွက်တဲ့ ဘွဲ့ရတွေဟာ အရည်အသွေး ပြည့်မှီပါတယ်ဆိုတာကို အရည်အသွေး စစ်ဆေးရေး အဖွဲ့ကနေ စစ်ဆေး အသိအမှတ်ပြုတဲ့ လုပ်ငန်းစဉ်ပါ။
အဲ့လိုလုပ်ငန်းစဉ်တွေကို သက်ဆိုင်ရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ရဲ့ Engineering Accreditation Committee က တာဝန်ရှိသူတွေက စစ်ဆေးပေးရပါတယ် ...
အရည်အသွေး စစ်ဆေးရေး အဖွဲ့ကနေ စစ်ဆေး အသိအမှတ်ပြုဖို့ အရင်ဆုံးReport တင်ရပါတယ် ... ထို report ကို Self Assessment Report (SAR) လို့ခေါ်ပါတယ် .... ထို report ကို သက်ဆိုင်ရာက အရင်စစ်ဆေးပြီး တကယ် အရည်အသွေးပြည့်မီလားဆိုတာ တက္ကသိုလ်တွေကို လာရောက်ကွင်းဆင်းစစ်ဆေးပါတယ် ။ External Audit အဖွဲ့မှ Department တခုချင်းစီကို Criteria ၅ ချက်နဲ့ကိုက်ညီရဲ့လား လို့ စစ်ဆေးပါတယ် ... ထို Criteria ၅ ချက်ကို သက်ဆိုင်ရာ ဌာနတွေက ပြည့်စုံအောင် လုပ်ရဲ့လားဆိုတာ University တခုချင်းစီမှာ စစ်ဆေးမယ့် Quality Management System ဆိုတဲ့ QMS အဖွဲ့က Internal Audit အနေဖြင့် Accredited uni ဖြစ်လာစေဖို့ Goal ကို ရောက်အောင် လိုအပ်တာတွေ ဖြည့်စည်း၊ စစ်ဆေးပေးရပါတယ် ...
3. ထို Criteria ၅ ချက်ဆိုတာ
- Academic Curriculum
- Students
- Academic and Support Staff
- Facilities
- Quality Management System များနဲ့ ကိုက်မကိုက် စစ်ဆေး အကဲဖြတ်ပါတယ်။
Outcome Based Education ကို ဦးတည်ပြီးသွားနေတဲ့
လမ်းကြောင်းမှာ Criteria 5 ခုအပြင် Program Objectives တွေ၊ Programme Educational Outcomes တွေရှိဖို့လဲ လိုအပ်ပါတယ်။
(ဆက်လက်ဖော်ပြပါဦးမည်)
Citation & Plagiarism (2nd portion)
Citation & Plagiarism (အဆက်)
========================
6 Ways to Avoid Plagiarism in Research Papers
======================================
📚 Re-Paraphrase:
အသုံး အနှုန်းပြောင်း၍ ပြန်လည် ရေးသားခြင်းပါ။ ထိုသို့ရေးတဲ့အခါမှာ မိမိရဲ့ own words တွေကို သုံးရမှာပါ။ ကိုယ်နဲ့ ကိုက်ညီတဲ့ စာသား row တခုထဲက စကားလုံးအတိအကျ ၂ လုံး (သို့) ၂ လုံးထက် ပိုသုံးခြင်းကို ရှောင်ရပါမယ်။
📚 Cite :
Citing က တော့ plagiarism ကိုရှောင်တဲ့ နည်းလမ်းတွေထဲက အကောင်းဆုံး နည်းလမ်းလို့ဆိုပါတယ်။ Institution က သတ်မှတ်ထားတဲ့ format အတိုင်း လိုက်နာဖို့ အရေးကြီးပါတယ်။ ဒါကြောင့် Citation ရဲ့ အဓိပ္ပါယ်က Intellectual Honesty ဆိုတော့ ယူသုံးရင်လဲ ရိုးရသားစွာ Citing လုပ်လိုက်ပါ။
📚 Quoting :
စာပိုဒ်တခုကို ကေက်နုတ်တင်ပြတဲ့အခါ Quoting ကို သုံးလို့ရတယ်။ ဒါပေမယ့် higher education ကို လေ့လာနေတဲ့ Institutions တော်တော်များများကတော့ စကားလုံး ၄၀ (သို့) ၄၀ ထက်ပိုတဲ့ quotes တွေကို frown လုပ်ထားပါတယ် ။ Scholar တွေမှာတော့ effectively paraphrase ကိုပဲ လုပ်သင့်တယ်လို့ ယူဆပြီး Quotes ကိုတော့ လက်မခံကြပါဘူး ။ အဲဒီ process က အချိန်တော့ ပေးရမယ် ဒါပေမယ့် ကြိုးစားအားထုတ်မှုတွေ ပြောင်မြောက်လာမှာပါ ။ ဒါပေမယ့်လည်း Plagiarism လုပ်ပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရှောင်နိုင်ဖို့က Quoting ပါမှကို ဖြစ်မှာပါ။
📚 Citing Quotes :
Citing quotes နဲ့ Citing Paraphrase တွေက တူသယောင် ရှိပေမယ့် ကွဲပြားပါတယ် ။ Citing Quotes လုပ်ထားရင် ကိုယ် quotes လုပ်ထားတဲ့ web content ထဲက page number က ဘယ်လောက် ။ paragraph က ဘယ်အပိုဒ်ကပါ ဆိုပြီး တိတိကျကျ ညွှန်းပေးရပါတယ် ။
📚Citing Your Own Material :
နောက်တခု အရေးကြီးတာက self- plagiarism ဖြစ်နေရင်တောင် လက်မခံပါဘူး ။
📚 Referencing :
Referencing ကတော့ ကိုယ့် research paper အဆုံးမှာ cite တွေကို တန်းစီပီး ရေးသားထားရမှာ ဖြစ်လို့ သူကလဲ Plagiarism ကို ရှောင်တဲ့ ways တွေ ထဲက တခုပါပဲ ။
မိုးမိုးမြင့်
Citation & Plagiarism (1st portion)
Citation & Plagiarism
=================
မကြာခင် 6th year BE ကို တက်မယ့် တပည့်လေးတွေအတွက် မကြာခင် သူတို့ ဖြတ်သန်းရတော့မယ့် နယ်ပယ် အတွက် Paper တွေနဲ့ ပတ်သတ်ပြီး Citation & Plagiarism လေး အကြောင်း
ဗဟုသုတ အနေနဲ့ မျှဝေလိုက်ပါတယ်။
Citation နဲ့ Plagiarism ရဲ့ ကွာခြားချက်က ဘာလဲ ဆိုရင်
=======================================
📚 Citation ရဲ့ အဓိပ္ပါယ်က Intellectual Honesty ပါ။
Senior Researchers ကြီးတွေ ရေးသားထားတဲ့ knowledge တွေ Technology တွေကို ကိုယ့် paper မှာ ကိုးကားတာကို Citation လို့ခေါ်ပါတယ်။
📚 ကိုးကားတာထက် နည်းနည်းများပြီး အကုန် လိုက်ကူးတာကတော့ Plagiarism ဖြစ်သွားတာပေါ့။
ကိုယ်ရေးထားတဲ့ paper ထဲက စာကြောင်းတွေက ဘယ်က ကူးချထားလဲ ဆိုတာ ရယ် ကိုယ်ပိုင် idea နဲ့ ရေးထားတာ unique ဖြစ်မဖြစ် ကို "%" အတိအကျနဲ့ကို စစ်လို့ ရတဲ့ Software တွေ နဲ့ Online Checkers တွေ အများကြီးရှိပါတယ်။
6 Ways to Avoid Plagiarism in Research Papers
======================================
1. Re-Paraphrase - So you have found information that is perfect for your research paper. Read it and put it into your own words. Make sure that you do not copy verbatim more than two words in a row from the text you have found. If you do use more than two words together, you will have to use quotation marks.
.
2. Cite - Citing is one of the effective ways to avoid plagiarism. Follow the document formatting guidelines (i.e. APA, MLA, Chicago, etc.) used by your educational institution or the institution that issued the research request. Not citing properly can constitute plagiarism.
.
3. Quoting - When quoting a source, use the quote exactly the way it appears. No one wants to be misquoted. Most institutions of higher learning frown on “block quotes” or quotes of 40 words or more. A scholar should be able to effectively paraphrase most material. This process takes time, but the effort pays off! Quoting must be done correctly to avoid plagiarism allegations.
.
4. Citing Quotes - Citing a quote can be different than citing paraphrased material. This practice usually involves the addition of a page number, or a paragraph number in the case of web content.
.
5. Citing Your Own Material - If some of the material you are using for your research paper was used by you in your current class, a previous one, or anywhere else you must cite yourself. Treat the text the same as you would if someone else wrote it. It may sound odd, but using material you have used before is called self-plagiarism, and it is not acceptable.
.
6. Referencing - One of the most important ways to avoid plagiarism is including a reference page or page of works cited at the end of your research paper.
(ဆက်လက်ဖော်ပြပါဦးမည် )
SWOT Analysis (2nd portion)
SWOT Analysis အဆက်
(S: Skill ) ကျွမ်းကျင်မှုကတော့ Hard skill ရယ် Soft skill ရယ်ဆိုပြီး ၂ မျိုးရှိပါတယ် ။ OK.... Uni တခုချင်းစီမှာ ရှိတဲ့ သက်ဆိုင်ရာ Dept တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ Staff တွေသည် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်မှုရှိသလားပေါ့ဗျာ။ လိုအပ်နေသေးရင် Uni က ဘ်လို training တွေ ဖန်တီးပေးမလဲဆိုတဲ့ hard skill တွေ ပြည့်စုံရမယ် ။
Soft skill ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ EQ မြင့်မမြင့်ပေါ့ဗျာ။ EQ ဆိုတာ Emotional Quotient မိမိရဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည် ။ စိတ်ဓာတ်ရင့်ကျက်မှုလို့ definition ဖွင့်ကြတယ် ။ IQ မြင့်တဲ့သူတွေထက် EQ မြင့်တဲ့သူတွေက လုပ်ငန်းမှာ ပိုအောင်မြင်တာ တွေ့ရတယ် ။ ဘ၀မှာ အောင်မြင်ဖို့ဆိုရင် ဉာဏ်ကောင်းဖို့ထက် စိတ်ဓါတ်ရင့်ကျက် ခိုင်မာမှုက ပိုအရေး ကြီးတယ်ဆိုတဲ့ သဘောပေါ့။ EQ မှာပါတဲ့ စွမ်းရည်တွေက Self-awareness (မိမိကိုယ်ကို သိတာ)၊
Self-regulation (မိမိကိုယ်ကို ထိန်းသိမ်းနိုင်တာ)၊
Motivation၊ Empathy၊ Social skill .... အစရှိသဖြင့်ပေါ့။
(K: Knowledge) ပညာရပ်ပိုင်းကတော့ ကိုယ်တတ်ထားတဲ့ ပညာရပ်တွေနဲ့ ရပ်မနေနဲ့ Up to date ဖြစ်နေတဲ့ ပညာရပ်တွေ၊ Research တွေနဲ့ပတ်သတ်ပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် စဉ်ဆက်မပြတ် knowledge တွေရှိဖို့ International နဲ့ ရင်ဘောက်တန်းနိုင်အောင် Knowledgeable ဖြစ်ဖို့ လိုပါတယ် ။
(E: Experience) ကောင်းမွန်တဲ့အနာဂတ်တခုဖန်တီးနိုင်ဖို့ အောင်မြင်တဲ့ Uni တခု ဆက်လက်ရပ်တည်နိုင်ဖို့ ယခင် ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံတွေကနေ အမှားတွေ မအောင်မြင်မှုတွေ ကို သင်ခန်းစာယူပြီး ဘယ်လိုကောင်းအောင် လုပ်ရမလဲဆိုတဲ့နေရာမှာ Experience ကလည်း အရေးပါလာပါပြီ။
(C: Capacity) လုပ်ဆောင်နိုင်စွမ်း ကိုယ့် Uni ရဲ့ Dept တခုချင်းစီမှာရှိတဲ့ ဝန်ထမ်းအားလုံး ရဲ့ အလုပ်လုပ်နိုင်စွမ်းအား မြင့်မားဖို့ လိုပါတယ်။ ထိုသူတွေနဲ့ ဖွဲ့စည်းထားတဲ့ Uni ရဲ့အောင်မြင်မှုစွမ်းအားသည် Capacity ပေါ်မှာ လဲ မူတည်ပါတယ် ။
ထို PASKEC တခုချင်းကို trace လိုက်ပြီး Internal factors တွေကို Plan ချပြီး လုပ်ဆောင်ဖို့ လိုပါတယ် ။
F2:
===
P: Politics
E: Economics
S: Social
T: Technology
(P: Politics) OBE ကို ဦးတည်ပြီးသွားနေတဲ့ ခေတ်မှာ အစိုးရ/ပညာရေးဝန်ကြီးဌာန ရဲ့ မူဝါဒပြောင်းလဲသတ်မှတ်မှုတွေကို သိထားဖို့လည်း လိုပါတယ်။ Engineer တွေအဖြစ် အသက်မွေးဝမ်းကြောင်းလုပ်တော့မယ်ဆိုရင် ဘာလက်မှတ်ရှိမှ ညာလက်မှတ်ရှိမှ ဆိုတဲ့ အစိုးရ/ပညာရေးဝန်ကြီးဌာနက ချမှတ်လိုက်တဲ့ မူဝါဒတွေကိုလေ့လာဖို့လဲ လိုပါတယ် ။ Engineering ethics အရ ဘယ်လို rubric တွေကိုလိုက်နာရမယ်။ Invention တွေ Innovation တွေမှာ Intellectual Property (IP) နဲ့ ပတ်သတ်ပြီး rules တွေကို သိဖို့လိုပါတယ်။ အခုနောက်ပိုင်းသင်ရမယ့် HSS ဘာသာရပ်ရဲ့ တစိတ်တဒေသဖြစ်တဲ့ Political ပိုင်းကိုလဲ ထည့်ပြီးသင်ကြားခွင့်ရမယ် ထင်ပါတယ်။
(E: Economics) ကတော့ TU ဘက်က မွေးထုတ်လိုက်တဲ့ Alumni တွေသည် သူတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေကို အသုံးချပြီး ဘယ်လိုလုပ်ငန်းမျိုးလုပ်ရင် သင့်တော်မလဲ ၊ စီးပွားရေးဈေးကွက်အရ ဘယ်လိုအလုပ်အကိုင်မျိုးကို ရွေးချယ်သင့်သလဲ၊ ကိုယ်ဘာတွေ ဆက်လေ့လာဖို့ လိုသလဲ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မှာ ကိုယ့်နိုင်ငံမှာရော တခြားနိုင်ငံတွေမှာရေ ကိုယ်တတ်ထားထားတဲ့ Specialization area သည် ဘယ်လောက်ထိ အရေးပါနေပြီလဲ၊ Economics view ကို လဲ သိပြီး life long learning နဲ့ စီးပွားရေးဈေးကွက်ကို ဘယ်လို ထိုးဖောက်မယ်ဆိုတဲ့ အချက်ကလဲ အရေးပါ ပါတယ် ။
(S: Social) လူမှုရေးနယ်ပယ်ကတော့ ကိုယ့် Uni က students တွေသည် ကျောင်းပီးရင် သက်ဆိုင်ရာ နယ်ပယ်တွေမှာ အလုပ်လုပ်နိုင်ဖို့ Stakeholders တွေအကုန်လုံးနဲ့ Social Relationship ရှိဖို့ လိုပါတယ်။ Stakeholders တွေထဲက တခုဖြစ်တဲ့ Industry တွေ နဲ့ Social အရ ever communication ဖြစ်ဖို့လဲလိုပါတယ် ။
(T: Technology) နည်းပညာကျောင်းဆိုတော့ Technology အပိုင်းနဲ့ ပတ်သတ်ပြီး ထွေထွေထူးထူး မပြောတော့ပါဘူး။
🔜 ဒီ SWOT analysis တွေသုံးပြီး ပြိုင်ဘက်တွေဖြစ်တဲ့ Private Uni တွေကို ဘယ်လိုယှဉ်ပြိုင်ကြမလဲ။ SWOT Analysis ကနေ ပြင်စရာရှိရင် မြန်မြန်ပြင်ပြီး အောင်မြင်တဲ့ Plan တခု မြန်မြန်ချမှတ်နိုင်မှာပါ။ ဒါမှသာလျှင် ပြိုင်ဘက်တွေနဲ့ ရေရှည်ယှဉ်ပြိုင်နိုင်တဲ့ UNI တခု အဖြစ် မျိုးစေ့ချပေးနိုင်ခဲ့မှာပါ။
ကျေးဇူးတင်ပါတယ် ။
Reference> Dr ဇေယျဦး၊ Dr ဖြိုးသီဟ၊ Google
မိုးမိုးမြင့်
၁၆.၁၀.၂၀၁၇
SWOT Analysis (1st portion)
SWOT
======
❄ SWOT ဆိုတဲ့ စကားလုံးကို စရင်းနှီးတာ TU(KSE) မှာ
ဆရာ ဒေါက်တာဇေယျာဦးရဲ့ "How to investigate your university strategic plan for Teaching and Learning, Research and Development" Based on SWOT Analysis
workshop တုန်းကပါ။
❄ ဆရာပြောခဲ့တဲ့ knowledge တွေပေါ်အခြေခံကာ လေ့လာသမျှတွေကို စုပေါင်းပြီး ဗဟုသုတအနေနဲ့ post လေးရေးကြည့်မယ်။
❄ SWOT "စွက်" "စွက်" နဲ့ အခုတလော အဲ့စကားလုံးက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသဖြင့် နယ်ပယ်အသီးသီး မှာ လူတော်တော်များများ အသုံးပြုပြီး မိမိရဲ့ လုပ်ငန်းနယ်ပယ်ကို အောင်မြင်ဖို့ SWOT analysis လုပ်နေကြပါတယ်။ SWOT Analysis ကို ၁၉၆၀ ခုနှစ်တွေတုန်းက Albert S Humphrey ဆိုတဲ့ပုဂ္ဂိုလ်က စတင်ပြီး အသုံးပြုလာတာ ယခုထိအသုံးပြုနေကြတုန်းပါပဲ...
Ok... SWOT ကို ဖြည်ကြည့်ရအောင် ...
S: Strength (အားသာချက်)
W: Weakness (အားနည်းချက်)
======================>
(S, W ကိုတော့ Internal factors အဖြစ် သတ်မှတ်ပြီး )
O: Opportunity (အခွင့်အလမ်း)
T: Thread (အကြောက်တရား)
=======================>
(O, T ကိုတော့ External factors အဖြစ် သတ်မှတ်ကြပါတယ် )
❄ ဒါကြောင့် SWOT analysis ကို Internal External Analysis (အတွင်းအပြင်ခွဲခြမ်းလေ့လာခြင်း) လို့ခေါ်ကြပါတယ် ။
⁉ Question: SWOT က ဘာလို့ ပညာရေးနယ်ပယ်မှာ လိုပါသလား ?
Answer : TU ဘက်မှာ တာဝန်ထမ်းဆောင်နေသူဆိုတော့ TU ဘက်ကနေ ဆွဲပြောကြည့်မယ် ။ အခုလက်ရှိမှာတောင် Private University တွေ မှိုလိုပေါက်ပြီး များလာတဲ့ခေတ်မှာ Public University တွေအနေနဲ့ quality ရှိတဲ့ graduated တွေကို private တွေနဲ့အပြိုင် မွေးထုတ်ပေးရမှာပါ။ ဒါကြောင့် ဒီတက္ကသိုလ်ကထွက်တဲ့ ဘွဲ့ရတွေဟာ အရည်အသွေး ပြည့်မှီပါတယ်ဆိုတာကို ပြသနိုင်ဖို့ ကိုယ့် Uni တွေက Accredited ဖြစ်ဖို့ လိုလာပြန်ရော။ ဒါကြောင့် Uni ရဲ့ Vision ကို Mission တခုချင်းစီပေါ် အကောင်အထည်ပေါ်ပြီး ရောက်အောင် သွားဖို့ လိုလာပါပြီ ။ Vision ကို ရောက်အောင် သွားဖို့ Accredited ပန်းတိုင်ဝင်ဖို့ ကိုယ့် Uni ရဲ့ အားသာချက်တွေအခွင့်အလမ်းတွေကို အသုံချ၊ OBE ကို သွားဖို့ ဘယ်လို အကြောက်တရားတွေကို ရင်ဆိုင်ပြီး အားနည်းချက်တွေကို ဘယ်လို ဖြေရှင်းကြမလဲ ဆိုတဲ့ SWOT analysis plan ချဖို့ လိုလာပါပြီ။
❄ Fail to plan, plan to fail..... အစီအစဉ်ဆွဲဖို့ပျက်ကွက်ခြင်းဟာ ရှုံးနှိမ့်ခြင်းအတွက် ပြင်ဆင်တယ်လို့ ဆိုကြပါတယ် ။ အရမ်းအဓိပ္ပါယ်ရှိတဲ့ sentence လေးပါ ။
❄ အရင်ဆုံး Internal factors တွေဖြစ်တဲ့ Strength, Weakness တွေကို လေ့လာရအောင် .... အတွင်းပိုင်းအခြေအနေသုံးသပ်ခြင်း ဆိုတော့ ကိုယ့် Uni ကို သုံးသပ်ကြမယ် ။
PASKEC (ကိုယ့်ရဲ့အားသာချက်တွေကိုသုံးပြီး အားနည်းချက်တွေကို ဘယ်လို ပြင်ဆင်မလဲ )
❄နောက်ထပ် External factors တွေ ဖြစ်တဲ့
PEST ( ကိုယ့် Uni ရဲ့ အခွင့်အလမ်းတွေကနေတဆင့် Thread တွေကို ဘယ်လို ရင်ဆိုင်မလဲ )
Framework ၂ ခု ထပ်ခွဲလိုက်တယ် ။ PASKEC နဲ့ PEST
F1 :
====
P: Physical
A: Attitude
S: Skill
E: Experience
C: Capacity
(P: Physical) ကိုယ့် Uni ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ တနည်းအားဖြင့် University ရဲ့ Infrastructure ပေါ့။ TUKSE ကို နမူနာထားပြောကြည့်မယ် ... Students တွေ အေး၂ဆေး၂ ကျယ်၂၀န်း၂ နဲ့ စာသင်နိုင်မယ့် ၃ ထပ်ဆောင် အဆောက်အဦး ၂ လုံး ရှိတယ် ။ Library လည်းရှိတယ် (နည်း၂တော့ ကျဉ်းသေးတယ်) စာသင်ခန်း အလုံအလောက်ရှိတယ် ။ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်စရာတွေလဲ ရှိ။ ကစားကွင်းတွေလဲ ရှိတယ် ။ Seminar room တွေတော့ များများစားစား သိပ်မရှိသေး ။ အစရှိသဖြင့်ပေါ့ဗျာ ။ Accredited Uni ဖြစ်ဖို့ ကိုယ့် Uni သည် ရုပ်ပိုင်းဆိုင်ရာ ပြယုဂ် ကောင်းမွန်ဖို့လိုတယ်။
(A: Attitude ) Accredited ဖြစ်ဖို့ တဦးတယောက်တည်းက ရှေ့က ဦးဆောင်လို့ မရပါဘူး။ Organization တခုလုံးမှာရှိတဲ့ ၀န်ထမ်းအားလုံးပါဝင်မှ ရမယ်။ လုပ်ရမှာကများတယ် ။ မဖြစ်နိုင်ပါဘူးကွာ။ မလုပ်ချင်ပါဘူး။ Accredited မဖြစ်လဲ ဘာမှ မဖြစ်ဘူးလို့ ခံယူထားရင် သေချာပီ အရှုံးနဲ့ ရင်ဆိုင်ရမယ် ။
လုပ်ရမှာတွေကများတော့များတယ် ဖြစ်အောင်လုပ်မယ်။ အခက်အခဲတွေကို ငါတို့ရင်ဆိုင်မယ်။ ကိုယ့်ကျောင်းအတွက် မျိုးစေ့ကောင်းချပေးခဲ့မယ်လို့ ခံယူထားရင် သေချာပြီ Success ဆိုတဲ့ ပန်းတိုင်ကို ရောက်ကို ရောက်မယ် ။ ထိုကွာခြားချက်ကို ကိုယ့် Uni က တာဝန်ထမ်းဆောင်နေတဲ့ သူတယောက်ချင်းစီရဲ့ Attitude ပါ။
(ဆက်လက်ဖော်ပြပါဦးမည် )
Subscribe to:
Posts (Atom)