Friday, September 21, 2018

LaTex Markup Language as a text editor Using Texmaker Software

Faculty Development Program on LaTex:
Developing High-Quality Scientific and Engineering Document for Publishing
===============================================================
LaTex ဆိုတာ technical နှင့်​ scientific documentation များ ​ရေးသားရာမှာ အသုံးပြုတဲ့ software တမျိုးဖြစ်​ပါတယ်​။ ပုံမှန်​ ကျွန်​​တော်​တို့​တွေက Microsoft Word အသုံးပြုပြီး ပြင်​ဆင်​ကြပါတယ်​။ LaTex က​တော့  ​ရေးချင်​တဲ့ text,figure,equation,multicolum, table ​တွေကို LaTex code​ လေး​တွေ နဲ့ ​ရေးပြီး ပြင်​ကြတာပါ။ 

Documentation တခု ပြင်​ဖို့ ဒီ code ​တွေ ​လေ့လာပြီး ပြင်​မယ့်​အစား Microsoft word နဲ့ပဲ ပြင်​​တော့မှာ​ပေါ့လို့ အငြင်းပွားစရာရှိပါတယ်​။ 

IEEE ၊ Springer စတဲ့ journal/ Conference တော်​​တော်​များများမှာ ​ပေးထားတဲ့ sample template ကို downlpad လုပ်​ပြီး Conference/journal paper ​တွေ ပြင်​ကြတာက သက်​ဆိုင်​ရာ Org က လိုချင်​တဲ့ အတိုင်း format ကို တိတိကျကျ ပြင်​လို့ရပါတယ်​။ 

Latex ရဲ့ အဓိက အားသာချက်​က​တော့ Thesis စာအုက်​လိုမျိုးပြင်​ဖို့ဆိုရင်​ Chapters​ ​တွေအများကြီးကို ရေးတဲ့အခါမှာ List of Figures၊ List of Tables  နဲ့ Table of Contents တွေ ကို Latex Code ကို သုံးပြီး ​ရေးတာ  အလွန်အဆင်ပြေတယ်​လို့ ​လေ့လာ​တွေ့ရှိရပါတယ်​။ 

သူရဲ့ အားသာချက်​က စာရွက်​​ရေ အများကြီး ရှိတဲ့ Thesis စာအုပ်ထဲက​ တခုခုကို ပြင်​စရာရှိလို့ ပြင်​ဖို့ဆိုရင်​ အတွင်းက Caption ကို ပြင်လိုက်တာနဲ့ ​နေရာတိုင်းမှာ ပြင်ပြီးသားဖြစ်သွားပါတယ်။

ဒါ​ပေမယ့်​လဲ Microsoft word မှာ find and replace သုံးတတ်​ရင်​လဲ ​တော်​​တော်​ခရီး​ရောက်​​နေပါပြီ။ 

 Section ​တွေ ခွဲတဲ့အခါ section အခွဲ​လေး​ တွေကို အလိုအလျှောက် တပ်ပေးပါတယ်​။  

တချို့  နိုင်​ငံခြားတက္ကသိုလ်​​တွေက​တော့  Journal/conference paper နှင့်​ Thesis ​တွေကို Microsoft word နဲ့ ပြင်​တာထက်​ LaTex ကို အသုံးပြုခိုင်းကြပါတယ်​။ တကယ်​လို့ ကိုယ်​လဲ Paper/Thesis ​တွေ ကို LaTex အသုံးပြုပြီး ပြင်​ရမယ်​လို့ များ ကြုံလာခဲ့ရင်​ ​ဖြေရှင်းနိုင်​ဖို့ LaTeX markup language ကို လေ့လာကြပါစို့။ 

အသုံးပြုဖို့က​တော့ 
Miktex  (https://miktex.org/download)
နဲ့ Texmaker software (http://www.xm1math.net/texmaker/download.html)
တွေကို အသုံးပြုလို့ရပါတယ်​။ 

ကိုယ့်​ OS နဲ့ ကိုက်​ညီမယ့်​ ဟာကို Download ချပြီး ​လေ့လာလို့ရပါတယ်​။ 

Texmaker က​တော့ အသုံးပြုရတာ ပိုပြီး ရိုးရှင်းလွယ်​ကူပါတယ်​ ။ 

လေ့လာဖို့ Samplecode ​တွေက​တော့ ရှိပြီးသားမို့ ​လေ့လာရတာ လွယ်​ကူ​စေပါတယ်​ ။ 
https://www.latex-tutorial.com/tutorials/

\documentclass{article}
\begin{document}
  please visit my blog: drmoemoemyint.blogspot.com\\
  Thanks for reading! \\
  Moe Moe Myint
\end{document}


No comments:

Post a Comment