Thursday, January 4, 2018

ဘာလဲဟ HR


Mahar business group မှ ကြီးမှူး ကျင်းပ​သော "ဘာလဲဟ  HR" ​ဟော​ပြော​ဆွေး​နွေးပွဲ မှ
သိ​ကောင်းစရာများ
====================================================================

❄ HRD ဆိုတာ ဝန်ထမ်းများနှင့် Organization တခုလုံး၏  အရည်အသွေး၊ အသိပညာနှင့် စွမ်းဆောင်ရည်များ တိုးတက်လာစေရန် ဆောင်ရွက်ပေးသောလပ်​ငန်းကို ဆိုလိုသည်။ 

❄ နောက်​တမျိုး အ​နေဖြင့်​ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများအတွက်လိုအပ်လာနိုင်သော အရည်အချင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် HR ဌာနမှ စနစ်ကျသော စီမံကိန်းများဖြင့် ဆောင်ရွက်ရသော နည်းစနစ်တစ်ခုဖြစ်သည်။

❄ ထို့​ကြောင့်​ HR Department မှ တာဝန်​ထမ်း​ဆောင်​​သော သူများသည်​  ကိုယ့်​ရဲ့ Role က Organization တခုမှာ ဘယ်​​လောက်​ထိ အ​ရေးပါသလဲဆိုတာ သိဖို့ လိုအပ်​ပါတယ်​ ။

❄ HR ​ဌာနက ကိုယ့်​အဖွဲ့အစည်းရဲ့ HR အခန်းကဏ္ဏ​တွေကို ​ရေးဆွဲတဲ့အခါ PDCA cycle: plan, do,  check   , act နှင့်
PDSA cycle: plan, do, study , act cycle အတိုင်း လုပ်​ရပါမယ်​ ။ Organization တခု ​အောင်​မြင်​ဖို့ Goal ​တွေကို အ​ကောင်​အထည်​​ဖော်​နိုင်​ဖို့ ​အောက်​ပါ အချက်​ ၈ ချက်​ကို သိနားလည်​မှအ​ကောင်​အထည်​​ဖော်​လို့ ရမှာပါ။

1. Understand the organization
2. Understand the structure
3. Understand the systems
4. Understand the Policies
5. Understand the individual roles
6. Understand the positions
7. Individual job descriptions
8. Job specification

❄ ထိုအချက်​ ၈ ချက်​ကို အကျဉ်းချုပ်​ ​ပြောရရင်​ ကိုယ့်​ရဲ့ Organization က ဘယ်​ဟာ ကို target ထားပြီး ဘာအတွက်​ လုပ်​​ဆောင်​နိုင်​လဲဆိုတာမျိုးနဲ့ ပတ်​သတ်​ပြီး ကိုယ့်​ရဲ့ Org ကို နားလည်​​အောင်​အရင်​လုပ်​ပါ။ Org ရဲ့ structure ကို​လေ့လာပါ။ (Structure မသိ​တော့ ဘယ်​သူ့ကပ်​ရမှန်း မသိဘူး ဖြစ်​​နေမှာစိုးလို့   :-P ) policy ချမှတ်​ရမယ်​ ​။ မူဝါဒ​တွေက တဖွဲ့နဲ့ တဖွဲ့မတူပါ။ မူဝါဒ​တွေကို Copy paste လုပ်​လို့ မရတဲ့အတွက်​ အ​ရေးကြီးပါတယ်​ ။
ဝန်​ထမ်းခန့်​ရင်​ လဲ ၀န်​ထမ်းခန့်​တဲ့ မူဝါဒ ရှိကိုရှိရမယ်​ ။
position ဆိုတာမျိုးက သူကြီးသားသည်​ သူကြီးဖြစ်​ ရမယ်​ဆိုတဲ့ အချက်​ကို ​ရှောင်​ဖို့ လိုပါတယ်​ ။ Job descriptions , satisfaction သည်​ org မှာ အ​ရေး ကြီး ဆုံးပါ။ ဒါ​ကြောင့်​  HR သည်​ ကိုယ့်​ရဲ့ Organization ရဲ့ အချက်​အားလုံးကိုနားလည်​ရပါမယ်​ ။

❄ ဒါ့အပြင်
negative emotions၊
negative thoughts ၊
limiting belief ၊
Internal conflict   ​တွေကို ရှင်းဖို့ လိုပါတယ်​။ ထို  အချက်​ ၄ ချက်​ကို ဖယ်​မှ ရမယ်​  ။ မဖယ်​ရင်​ Organization တခု ​အောင်​မြင်​ဖို့ ဆူး​ငြောင့်​ ခလုတ်​ ​တွေ ဖြစ်​​နေမယ်​ ။ ကိုယ်​မလုပ်​နိုင်​လို့
ငြင်းပယ်​ချင်​ရင်​​တောင်​မှ positive နဲ့ ငြင်းပယ်​ သင့်​တယ်​ ။


❄ ကိုယ့်​ Organization ကို နားလည်​​အောင်​ လုပ်​တဲ့အပြင်​ အလုပ်​ လုပ်​တဲ့အခါ (love) အချစ်​ရှိမှ  HR    လုပ်​လို့ ရမှာပါ ။ HR သည်​ Organization ​ပေါ်ထားတဲ့ အချစ်​သည်
* learn
* Objectives
* Value
* Evaluation ပါ။
ကိုယ့်​ရဲ့ org အတွက်​ ​လေ့လာမှု​တွေ မရှိရင်​ ၊ ရည်​မှန်းချက်​​တွေ မရှိရင်​ ၊ တန်​ဖိုးမထားရင်​၊ တန်​ဖိုးကို မသိရင်​ ကိုယ့်​ org လိုချင်​တဲ့  goal ကို  မ​ရောက်​နိုင်​ ။ team member ​တွေအတွက်​လဲ အကျိုးမရှိပါဘူး ။
တူညီတဲ့    ရည်​ရွယ်​ချက်​။ တူညီ​သော အကိုးပြုမှု ရှိမှ တည်​​ဆောက်​ရမယ့်​ အဖွဲ့အစည်း က ​အောင်​မြင်​မှာ ဖြစ်​ပါတယ်​ ။

❄ right place, right man , right structure ကိုလဲ သိဖို့ လိုအပ်​ပါတယ်​ ။
Yes, i can do it.
You can do it.
We can do it,
Any time, any where လို့ လုပ်​​ဖော်​ကိုင်​ဖက်​ အချင်းချင်း သံပြိုင်​​အော်​ဟစ်​ရင်း တဦးတ​ယောက်​ချင်းစီရဲ့ ability + motivation + opportunity က​နေ Org ရဲ့ good  performance ကို ထိန်းသိမ်းနိုင်​တဲ့   Activity  ကို ရ​အောင်​ယူပါ  ။  

❄ HR အခန်းကဏ္ဏ  ဖွံ့ဖြိုးတိုးတက်​မှ Organization / နိုင်​ငံ ဖွံ့ဖြိုး တိုးတက်​မှာဖြစ်​တဲ့ အပြင်​ ကိုယ့်​ လုပ်​ငန်းခွင်​ဧ။်​ ​နောက်​ကွယ်​  မှာ ဘာ​တွေ ရှိလဲဆိုတာလဲ သိဖို့ လိုအပ်​ပါတယ်​ ။

❄ org structure & culture ကိုယ်​လုပ်​တဲ့ အလုပ်​ရဲ့ တည်​​ဆောက်​ပုံနဲ့ Culture ကို ​လေ့လာဖို့ လိုတယ်​ ။

❄ လုပ်​ငန်းခွင်​မှာ အ​ရေးကြီးဆုံးက ဘာလဲ ? ဆိုရင်
အလုပ်​ရှင်​ နဲ့ ၀န်​ထမ်း
တာဝန်​ယူမှု အ​နေအထားဆိုတာ ၅၀% responsibility ဆိုရင်
တာဝန်​ခံမှုဆိုတဲ့   ၅၀% Accountability ဆိုတာ လုပ်​ငန်းခွင်​မှာ အ​ရေးကြီးဆုံးပဲ ။

( ဆက်​လက်​​ဖော်​ပြပါမည်​ )

မိုးမိုးပြင့်
၎.၁.၂၀၁၈

No comments:

Post a Comment