Wednesday, January 10, 2018
Thursday, January 4, 2018
ဘာလဲဟ HR အပိုင်း ၂
Mahar business group မှ ကြီးမှူး ကျင်းပသော "ဘာလဲဟ HR" ဟောပြောဆွေးနွေးပွဲ မှ
သိကောင်းစရာများ (၂)
===================================================================
❄ ၀န်ထမ်းတွေ ဘာကြောင့် အလုပ်ထွက်ကြတာလဲ ?
ဝန်ထမ်းဆိုတာ အချိန်မရွေး အလုပ်ထွက်နိုင်တယ် ။
Pull factor လို့ ခေါ်တဲ့ အပြင်ကနေ မက်လုံးတခုက ဆွဲခေါ် ခြင်း နဲ့ push factor လို့ခေါ်တဲ့ လုပ်ငန်းခွင်က တွန်းအား ပေး ခြင်းကြောင့် အလုပ်ထွက်ကြသည် ပေါ့။
လစာများရဲ့သားနဲ့ ဘာလို့ ထွက်သွားတာလဲ သူတို့ ဘာလိုချင်တာလဲ
ဝန်ထမ်းတွေရဲ့ မျှော်လင့်ချက် Expectation ကဘာလဲ။ ဆိုတာနဲ့ ပတ်သတ်ပြီး အလုပ်ထွက်ရင် ၀န်ထမ်းတွေကို
exit interview လုပ်ရမယ်။ သူဘာကြောင့် ထွက်သလဲ ဆိုတဲ့အပေါ်မှာ လုပ်ငန်းခွင်ကို ကွင်းဆင်းလေ့လာရမယ် ။ info gathering ယူပြီး
Org stucture ကို ပြုပြင်ပြောင်းလဲရမယ် ။ ၁၀% အောက်ဆို good ,, ၁၀% ကျော်လာရင် ၀န်ထမ်းတည်မြဲမှု မမြဲ နိုင် ထွက်တဲ့ အရည်အတွက်များရင် Human Resources တွေ ဆုံးရှုံးနိုင်တယ် ။
❄ ဝန်ထမ်းတွေ မြဲအောင် ဘယ်လို လုပ်ရမလဲ ?
ဝန်ထမ်းတွေ မြဲအောင် လုပ်လို့ မရဘူး But ကြာအောင်တော့ လုပ်နိုင်ရမယ် ။ psychological contract စိတ်ပိုင်းဆိုင်ရာ စာချုပ် လိုမျိုး Org ဘက်က ချုပ်ပေးနိုင်ရမယ် ။ ၀န်ထမ်းကို
motivation ကောင်း၂ပေး, job satisfaction ပေးမယ်, bonus လိုမျိုး , performance ကောင်းရင် ကောင်းသလို award ပေးတာမျိုး စသဖြင့်
psychological contract တခုကို ပေးလိုက်ရင် ၀န်ထမ်းသ်ည် ကိုယ် org မှာ အလုပ်လုပ်ရတာ ပျော်လာမယ် ။ ကြာကြာ လုပ်နိုင်လာမယ်။ ခင်တွယ်လာမယ် ။
❄နောက်တချက်က ၀န်ထမ်းတွေ (အလုပ်ရှင်ကနေ) ဘာတွေ လိုချင်တာလဲ ?
*Salary , promotion (ဒီအချက်က Main ပဲ) သို့သော်
လစာလည်းများ ရာထူးလဲ ကြီးပါရဲ့ နဲ့ အလုပ်ထွက်တာသည် သူတို့ကို အလေးမထားဘူး တန်ဖိုးမထားရင် အသိအမှတ် မပြုရင် Innovative learning မျိုးကို အားမပေးရင် လဲ ၀န်ထမ်းတွေသည် အလုပ်ထွက်နိုင်တယ် ။
staff is very important. ဆိုတာ Org တွေသည် ကောင်းကောင်းနားလည်ရပါမယ် ။ နောက်တချက်က Org သည် ကိုယ့်မှာ လုပ်တဲ့ ၀န်ထမ်းတိုင်းရဲ့
*Value
* Respect (mutual respect)
* rewards (intrinsic အတွင်း ပိုင်း , extrinsic အပြင်ပိုင်း )
စိတ်ပိုင်းဆိုင်ရာလို့ ခေါ်တဲ့emotion တွေကို လဲ များ၂ပေးနိုင်ရပါမယ် ။
❄ လုပ်ငန်းခွင်မှာ လိုက်နာရမယ့် အချက် တွေကိုလဲ သိဖို့ လိုအပ်ပါတယ် ။
* အလုပ်ခွင် စည်းကမ်း (ချမှတ်ထားတယ်။ လိုက်နာရမယ်)
* အလုပ်ခွင် ကျင့်ဝတ် (ချမှတ်ထားခြင်းမရှိသော်လဲ လိုက်နာ ကျင့်သုံးသင့်တယ် ) ဥပမာ အနေနဲ့ ပြောရင် ကိုယ်မကျေနပ်တာနဲ့ social media မှာ negative impact ကို ချပြတာမျိုးကို ခေါ်တယ် ။ Org က မချရဘူးလို့ rule မထုတ်ထားသော်လဲ ကျင့်ဝတ်တွေကို လိုက်နာသင့်တယ် ။
❄ Potential အရမ်းရှိတဲ့ ၀န်ထမ်းတွေ ဆုံးရှုံးမှု မဖြစ်အောင် Organization နဲ့ staff အကြားကို third party အနေနဲ့ negotiate လုပ်ပေးရမှဇာသည် HR ဧ။် အခန်းကဏ္ဏ ဖြစ်ပါတယ်လို့ရေးရင်း နိဂုံးချုပ်လိုက်ပါတယ်။ အခြား HR နှင့်ပတ်သတ်၍ Valuable facts တွေ အများကြီးကျန်ပါသေးတယ် ။ HR နဲ့ ပတ်သတ်၍ စိတ်ဝင်စားပါက ဆက်လက် လေ့လာကြပါ။
Credit>> ဦးဝေဖြိုးဟိန်း၊ ဦးအောင်ခိုင်၊ ဦးစောကယ်ရီဝင်း၊ ဒေါက်တာသင်းထက်ထက်စံ
မိုးမိုးမြင့်
၎.၁.၂၀၁၈
ဘာလဲဟ HR
Mahar business group မှ ကြီးမှူး ကျင်းပသော "ဘာလဲဟ HR" ဟောပြောဆွေးနွေးပွဲ မှ
သိကောင်းစရာများ
====================================================================
❄ နောက်တမျိုး အနေဖြင့် လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများအတွက်လိုအပ်လာနိုင်သော အရည်အချင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် HR ဌာနမှ စနစ်ကျသော စီမံကိန်းများဖြင့် ဆောင်ရွက်ရသော နည်းစနစ်တစ်ခုဖြစ်သည်။
❄ ထို့ကြောင့် HR Department မှ တာဝန်ထမ်းဆောင်သော သူများသည် ကိုယ့်ရဲ့ Role က Organization တခုမှာ ဘယ်လောက်ထိ အရေးပါသလဲဆိုတာ သိဖို့ လိုအပ်ပါတယ် ။
❄ HR ဌာနက ကိုယ့်အဖွဲ့အစည်းရဲ့ HR အခန်းကဏ္ဏတွေကို ရေးဆွဲတဲ့အခါ PDCA cycle: plan, do, check , act နှင့်
PDSA cycle: plan, do, study , act cycle အတိုင်း လုပ်ရပါမယ် ။ Organization တခု အောင်မြင်ဖို့ Goal တွေကို အကောင်အထည်ဖော်နိုင်ဖို့ အောက်ပါ အချက် ၈ ချက်ကို သိနားလည်မှအကောင်အထည်ဖော်လို့ ရမှာပါ။
1. Understand the organization
2. Understand the structure
3. Understand the systems
4. Understand the Policies
5. Understand the individual roles
6. Understand the positions
7. Individual job descriptions
8. Job specification
❄ ထိုအချက် ၈ ချက်ကို အကျဉ်းချုပ် ပြောရရင် ကိုယ့်ရဲ့ Organization က ဘယ်ဟာ ကို target ထားပြီး ဘာအတွက် လုပ်ဆောင်နိုင်လဲဆိုတာမျိုးနဲ့ ပတ်သတ်ပြီး ကိုယ့်ရဲ့ Org ကို နားလည်အောင်အရင်လုပ်ပါ။ Org ရဲ့ structure ကိုလေ့လာပါ။ (Structure မသိတော့ ဘယ်သူ့ကပ်ရမှန်း မသိဘူး ဖြစ်နေမှာစိုးလို့ :-P ) policy ချမှတ်ရမယ် ။ မူဝါဒတွေက တဖွဲ့နဲ့ တဖွဲ့မတူပါ။ မူဝါဒတွေကို Copy paste လုပ်လို့ မရတဲ့အတွက် အရေးကြီးပါတယ် ။
ဝန်ထမ်းခန့်ရင် လဲ ၀န်ထမ်းခန့်တဲ့ မူဝါဒ ရှိကိုရှိရမယ် ။
position ဆိုတာမျိုးက သူကြီးသားသည် သူကြီးဖြစ် ရမယ်ဆိုတဲ့ အချက်ကို ရှောင်ဖို့ လိုပါတယ် ။ Job descriptions , satisfaction သည် org မှာ အရေး ကြီး ဆုံးပါ။ ဒါကြောင့် HR သည် ကိုယ့်ရဲ့ Organization ရဲ့ အချက်အားလုံးကိုနားလည်ရပါမယ် ။
❄ ဒါ့အပြင်
negative emotions၊
negative thoughts ၊
limiting belief ၊
Internal conflict တွေကို ရှင်းဖို့ လိုပါတယ်။ ထို အချက် ၄ ချက်ကို ဖယ်မှ ရမယ် ။ မဖယ်ရင် Organization တခု အောင်မြင်ဖို့ ဆူးငြောင့် ခလုတ် တွေ ဖြစ်နေမယ် ။ ကိုယ်မလုပ်နိုင်လို့
ငြင်းပယ်ချင်ရင်တောင်မှ positive နဲ့ ငြင်းပယ် သင့်တယ် ။
❄ ကိုယ့် Organization ကို နားလည်အောင် လုပ်တဲ့အပြင် အလုပ် လုပ်တဲ့အခါ (love) အချစ်ရှိမှ HR လုပ်လို့ ရမှာပါ ။ HR သည် Organization ပေါ်ထားတဲ့ အချစ်သည်
* learn
* Objectives
* Value
* Evaluation ပါ။
ကိုယ့်ရဲ့ org အတွက် လေ့လာမှုတွေ မရှိရင် ၊ ရည်မှန်းချက်တွေ မရှိရင် ၊ တန်ဖိုးမထားရင်၊ တန်ဖိုးကို မသိရင် ကိုယ့် org လိုချင်တဲ့ goal ကို မရောက်နိုင် ။ team member တွေအတွက်လဲ အကျိုးမရှိပါဘူး ။
တူညီတဲ့ ရည်ရွယ်ချက်။ တူညီသော အကိုးပြုမှု ရှိမှ တည်ဆောက်ရမယ့် အဖွဲ့အစည်း က အောင်မြင်မှာ ဖြစ်ပါတယ် ။
❄ right place, right man , right structure ကိုလဲ သိဖို့ လိုအပ်ပါတယ် ။
Yes, i can do it.
You can do it.
We can do it,
Any time, any where လို့ လုပ်ဖော်ကိုင်ဖက် အချင်းချင်း သံပြိုင်အော်ဟစ်ရင်း တဦးတယောက်ချင်းစီရဲ့ ability + motivation + opportunity ကနေ Org ရဲ့ good performance ကို ထိန်းသိမ်းနိုင်တဲ့ Activity ကို ရအောင်ယူပါ ။
❄ HR အခန်းကဏ္ဏ ဖွံ့ဖြိုးတိုးတက်မှ Organization / နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှာဖြစ်တဲ့ အပြင် ကိုယ့် လုပ်ငန်းခွင်ဧ။် နောက်ကွယ် မှာ ဘာတွေ ရှိလဲဆိုတာလဲ သိဖို့ လိုအပ်ပါတယ် ။
❄ org structure & culture ကိုယ်လုပ်တဲ့ အလုပ်ရဲ့ တည်ဆောက်ပုံနဲ့ Culture ကို လေ့လာဖို့ လိုတယ် ။
❄ လုပ်ငန်းခွင်မှာ အရေးကြီးဆုံးက ဘာလဲ ? ဆိုရင်
အလုပ်ရှင် နဲ့ ၀န်ထမ်း
တာဝန်ယူမှု အနေအထားဆိုတာ ၅၀% responsibility ဆိုရင်
တာဝန်ခံမှုဆိုတဲ့ ၅၀% Accountability ဆိုတာ လုပ်ငန်းခွင်မှာ အရေးကြီးဆုံးပဲ ။
( ဆက်လက်ဖော်ပြပါမည် )
မိုးမိုးပြင့်
၎.၁.၂၀၁၈
Wednesday, December 27, 2017
Tuesday, December 26, 2017
Intro to Embedded Systems 1E Textbook link
Intro to Embedded System 1E (by SHIBU)
https://books.google.com.mm/books?id=8hfn4gwR90MC&pg=PA32&lpg=PA32&dq=DS1744+from+Maxim/Dallas+is+an+example+for+32KB+NVRAM&source=bl&ots=kJtHad1vqp&sig=egFqMhKH6irdgHXS-I3IuukdW9g&hl=my&sa=X&ved=2ahUKEwifk6Gr0qfYAhXIOY8KHeymAA8Q6AEwAHoECBUQAA#v=onepage&q=DS1744%20from%20Maxim%2FDallas%20is%20an%20example%20for%2032KB%20NVRAM&f=false
https://books.google.com.mm/books?id=8hfn4gwR90MC&pg=PA32&lpg=PA32&dq=DS1744+from+Maxim/Dallas+is+an+example+for+32KB+NVRAM&source=bl&ots=kJtHad1vqp&sig=egFqMhKH6irdgHXS-I3IuukdW9g&hl=my&sa=X&ved=2ahUKEwifk6Gr0qfYAhXIOY8KHeymAA8Q6AEwAHoECBUQAA#v=onepage&q=DS1744%20from%20Maxim%2FDallas%20is%20an%20example%20for%2032KB%20NVRAM&f=false
Friday, December 22, 2017
သာမာန် blog တစ်ခု ဖန်တီးခြင်း
သာမာန် Blog တစ်ခု ဖန်တီးခြင်း
======================
❄Profit organization နဲ့ marketing လိုမျိုး ဧရိယာတွေအတွက် professional ကျကျ သုံးဖို့ အဆင်မပြေသော်လဲ ကိုယ့်ရဲ့ knowledge တွေ lecture တွေကို sharing လုပ်ဖို့ ပညာရေးလောကအတွက် ကိုယ်ပိုင် blog တစ်ခုကို မိမိဘာသာ free ဖန်တီးနိုင်ပြီး web hosting အတွက် ဘာရင်းနှီး မြုပ်နှံမှုမှ မလိုပဲ အသုံးပြုရ လွယ်ကူမှုကြောင့် users တွေ တော်တော်များများ အသုံးပြုလာကြပါတယ်။
❄Blog တခု တည်ဆောက်ဖို့အတွက် မိမိမှာ ကိုယ်ပိုင် Google Account ရှိရပါမယ်။
၁။ နှစ်သက်ရာ browser တခုကနေ
www.blogspot.com သို့ သွားပါ။ (pl see photo)
၂။ Creat your blog ကို နှိပ်လိုက်ရင် Gmail နဲ့ password တောင်းပါလိမ့်မယ်။ (pl see photo)
၃။ နောက်တဆင့် မှာ Create new blog ကို နှိပ်လိုက်ပါ။ (pl see photo)
၎။ ကိုယ်သုံးမယ့် blog ရဲ့ title ၊ Address တို့ကို ထည့်သွင်းတဲ့အခါ
ဥပမာ ဆိုကြပါစို့
blog title : knowledge sharing
blog address: knowledgesharing.blogspot.com လို့ရိုက်တဲ့အခါ address မှာ checking availability ကြောင့် ကိုယ်ပေးလိုက်တဲ့ address ကို စစ်ပါလိမ့်မယ်။ တခြား သူများပေးထားတဲ့ address တွေနဲ့ တူညီမှုရှိနေရင် ကိုယ့်ရဲ့ blog address ကို not available ဆိုပြီး warning ပြမှာ ဖြစ်ပါတယ် ။
ပေးလိုက်တဲ့ နာမည်တွေကလဲ တူ တူနေတော့ warning ပြခံနေရတာ ကြာတော့ စိတ်မရှည်တာနဲ့
gouttee.blogspot.com လို့ ပေးလိုက်တယ်။ :-P
နောက်တဆင့်က ကိုယ်သုံးမယ့် template ကို ရွေးပေးပါ။
အားလုံးဖြည့်ပြီးပါက Continue ကို နှိပ်ပါ။ (pl see photo)
၅။ သင့်ရဲ့ ကိုယ်ပိုင် blog တခုကို ကိုယ်ရွေးချယ်ထားတဲ့ theme အတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ တင်ထားတဲ့ post မရှိသေးတာကြောင့်
There are no posts. Create a new post ဆိုပြီး မြင်တွေ့ရမှာပါ။ (pl see photo)
၆။ post တခု လောက် အစမ်းတင်ကြည့်ရအောင် ။ New post ကို နှိပ်ပါ။ post title ကို test post လို့ နာမည်ပေးလိုက်တယ် ။
စာသားတချို့ ရေးပြီး ကိုယ့် post ကို တင်ချင်ရင် publish ကို နှိပ်ပါ။
မိမိရဲ့ ပထမဆုံး post ကို publish နှိပ်လိုက်တာနဲ့ web ပေါ်မှာ တင်ပေးသွားမှာပါ။ publish နှိပ်လိုက်တဲ့အခါ ကိုယ့်ရဲ့ post ကို google+ မှာရော share ဦးမလားလို့ မေးပါလိမ့်မယ်။ blog မှာပဲတင်မယ် google+ မှာ မ share ချင်ရင်တော့ cancel ကို နှိပ်လိုက်ပါ။ (pl see photo)
၇။ မိမိတင်ထားသော post များကို edit လုပ်နိုင်တယ်။ share နိုင်တယ်။ မလိုအပ်ပါက delete လုပ်နိုင်ပါတယ်။ ကိုယ့်post ကို reader တွေက comment ပေးနိုင်သလို reader အရေအတွက် ဘယ်လောက်ရှိလဲဆိုတာကိုရော မြင်တွေ့ရမှာ ဖြစ်ပါတယ်။ စာသားအပြင် image တွေ၊ video file တွေ၊ link တွေ ... အစရှိသဖြင့် ကိုယ်နှစ်သက်သလို ကိုယ့် post ကို ဖန်တီးယူနိုင်ပါတယ်။ (pl see photo)
၈။ Settings အပိုင်းမှာတော့ Basic၊ Posts၊ Comments & sharing၊ Search preferences၊ other user settings တွေကနေ ကိုယ့် blog ရဲ့ setting ကို ပြောင်းလဲနိုင်ပါတယ် ။ Basic အပိုင်းမှာတော့ ကိုယ့် blog ရဲ့ title တွေ Description တွေ Privacy တွေကို လိုသလို edit လုပ်နိုင်သလို Publishing အပိုင်းမှာလဲ blog address ကို ကိုယ့်စိတ်ကြိုက် ပြန်ပြောင်းယူနိုင်သလို Permissions အပိုင်းမှာလဲ Blog authors နဲ့ readers တွေကို စိတ်ကြိုက် ထပ်ထည့် နိုင်သလို private / public readers ဆိုပြီး ရွေးချယ်လို့ ရပါသေးတယ် ။ မိမိဧ။် ကိုယ်ပိုင် blog လေးကို စိတ်ကြိုက်ဖန်တီးရင်း knowledge တွေကို တစုတစည်းထဲ share ခွင့် ရနိုင်သလို readers တွေဘက်ကလဲ တစုတစည်းထဲ စိတ်ကြိုက် အချိန်မရွေး ဖတ်ရှုနိုင်မှာဖြစ်ပါတယ် ရှင်။ (pl see photo)
Thanks for reading!
(͡° ͜ʖ ͡°)
မိုးမိုးမြင့်
၂၂.၁၂.၂၀၁၇
drmoemoemyint.blogspot.com
Subscribe to:
Posts (Atom)











