Sunday, November 27, 2016
ပုံများဖြင့် လက်တွေ့ကမ္ဘာကြီးအား ဖန်တီးခြင်း (အဆက်)
❀ ❀ ❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀
ဒါ့အပြင် လူသားတစ်ယောက်ရဲ့ ကျောက်ကပ်ဟာ Normal လား၊ Tumor (သို့) Damaging ဖြစ်နေပြီလားဆိုတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး ကျောက်ကပ်ရောဂါကို အဖြေရှာဖို့ အရင်ဦးဆုံး ဓါတ်မှန်စက်ကြီးတွေကနေတဆင့် ရရှိလာတဲ့ DICOM Image တွေကို Preprocessing အရင်လုပ်ရတယ်။ ဒါ့အပြင် အခြေခံအဆင့်အနေနဲ့ သက်ဆိုင်ရာ Edge Detection ၊ Image Segmentation နဲ့ Detection အပိုင်းရယ်ဆိုပြီး အဆင့်ဆင့် Processing တွေလုပ်ပြီး တိကျမှန်ကန်တဲ့ Result တွေကို ထုတ်ပေးနိုင်အောင်ထိ Digital Image Processing နည်းပညာတွေက Biomedical Engineering Field မှာ တော်တော်လေးကို ထိရောက်ပြီး အထောက်အကူပြုနေတာတွေကို တွေ့ရှိရတယ်။
Remote Sensing နယ်ပယ်မှာ ဆိုရင်လည်း မြေငလျင်ကြောင့် ပျက်စီးသွားတဲ့ Infrastructure ပိုင်းကို Detection လုပ်နိုင်ဖို့ Satellite (သို့) အလွန်မြင့်မားတဲ့ အမြင့်တစ်နေရာက Digital Camera တွေကနေတဆင့် ပုံရိပ်တွေကို ဖမ်းယူရတယ်။ ဖမ်းယူရရှိတဲ့ Image တွေကို Processing လုပ်ပြီး မိနစ်အနည်းငယ်အတွင်းမှာ ငလျင်ကြောင့် အပြင်းထန်ဆုံးပျက်စီး သွားတဲ့ Damaged Area တွေကို Detection and Analysis လုပ်ပေးနိုင်ခဲ့ခြင်းဟာ Human Eyes ကနေ Estimate လုပ်တဲ့ ရှုပ်ထွေးမှုနဲ့ အချိန်ကြာမြင့်မှုကို ဖြေရှင်းပေးနိုင်ခဲ့တယ်။
Digital Image Processing ကို အသုံးပြုတဲ့ Application Area တွေကတော့ လက်တွေ့နယ်ပယ်မှာ အများကြီးရှိပါသေးတယ်။ အကျဉ်းချုပ်ပြောရရင်တော့ Image Sharpening and Restoration ၊ Medical Field ၊ Remote Sensing ၊Transmission and Encoding ၊ Machine/ Robot Vision ၊ Color Processing ၊ 3D Reconstruction ၊ Pattern Recognition ၊ Video Processing ၊ Microscopic Imaging အပြင် များပြားလှတဲ့ Applications တွေလည်း ရှိပါသေးတယ်။
Digital Image Processing ဘာသာရပ်သည် တိမ်မယောင်နဲ့ နက်၊ လွယ်မယောင်နဲ့ ခက် လွန်းလှသော်လည်း တကယ့် Real World မှာ လူသားတွေရဲ့ အကျိုးကို ဖြစ်ထွန်းစေမယ့် Research တွေကို ပြုလုပ်ပေးနိုင်တဲ့အတွက် အလွန်စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ယခုလက်ရှိ သင်ရိုးညွှန်းတမ်းအရဆိုရင်တော့ အဆိုပါ ဘာသာရပ်ကို နည်းပညာတက္ကသိုလ်တွေမှာ BE.IT တန်းမှာ သင်ကြားလျှက်ရှိပြီး ဘွဲ့လွန်ဒီဂရီတန်းတွေမှာလည်း ထိုဘာသာရပ်နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ ကျောင်းသား/သူ အများစုက Digital Image Processing နဲ့ပတ်သတ်သော Research များကိုလည်း ဆက်လက်လုပ်ဆောင်နိုင်ကြပါသည်။
တိုးတက်လာသော IT နည်းပညာခေတ်နှင့် အညီ လူငယ်အများစုသည်လည်း အသစ်အသစ်သော Digital Image Processing နဲ့ ဆိုင်တဲ့ Research တွေကို ဆက်လက်လေ့လာရင်း ‘ဖွံ့ဖြိုးတီထွင် သုတနည်းပညာရှင်’ ဟူသော ဆောင်ပုဒ်နှင့်အညီ IT လူငယ်အပေါင်း အောင်မြင်မှုသရဖူဆောင်းနိုင်တဲ့ သုတနည်းပညာရှင်တွေဖြစ်ကြပါစေလို့ ဆုတောင်းပေးရင်း ‘ပုံများဖြင့်လက်တွေ့ကမ္ဘာကြီးအားဖန်တီးခြင်း’ ဆောင်းပါးလေးအား နိဂုံးချုပ်လိုက်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀
(ဤဆောင်းပါးလေးအား ရေးနိုင်ဖို့ ကျွန်မအား အသိပညာ၊ အတတ်ပညာပေးခဲ့ပါသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များအားလုံးအား ဂါရ၀ပြုရင်း... )
ဤဆောင်းပါးအား ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ထုတ်ဝေသော TU (Kyaukse) မဂ္ဂဇင်း စာအုပ်တွင်လည်း ဖော်ပြ ပါရှိသည်။
ဒေါက်တာမိုးမိုးမြင့်
နည်းပညာတက္ကသိုလ် (ကျောက်ဆည်)
ပုံများဖြင့် လက်တွေ့ကမ္ဘာကြီးအား ဖန်တီးခြင်း
♥¥☆★☆★☆¥♥ ★☆✿ ♥¥☆★♥
လွန်ခဲ့သောနှစ်ပေါင်း တစ်ရာခန့်က Newspaper Pictures တွေကို လန်ဒန်ကနေ နယူးယောက်ကို ပို့ဖို့ Submarine Cable တွေကနေတစ်ဆင့် ပုံတွေကို Transmission လုပ်ခဲ့ကြတယ်။ အတ္တလန္တိတ် သမုဒ္ဒရာအောက်က Submarine Cable တွေကနေတဆင့် ပို့တဲ့သူ ဘက်ကနေ လက်ခံတဲ့သူဘက်ကို ပုံလေးတစ်ပုံရောက်ဖို့ တစ်ပတ်တောင်ကြာခဲ့တယ်။ Transmission Time ကြာရုံတင်မကဘဲ ပို့တဲ့သူဘက်က Encode လုပ်ပြီး ပို့လိုက်တဲ့ Image Signal တွေကို လက်ခံတဲ့သူဘက်က ပထမအဆင့်အနေနဲ့ Decode ပြန်လုပ်ရတယ်။ နောက်ဆုံးမှာတော့ Printing Equipment တွေသုံးပြီး Print ထုတ်လိုက်တဲ့အခါမှာ Brightness Quality ကျသွားတဲ့ ပုံတွေကိုသာ လက်ခံရရှိခဲ့ကြတယ်။
၁၉၂၀ ခုနှစ်မှာ သုတေသနပညာရှင်တွေက Submarine Cable တွေအစား Bartlane Cable တွေကို သုံးလိုက်တဲ့အခါမှာ Transmission Time တစ်ပတ်ကြာချိန်ကနေ သုံးနာရီလောက်ထိကို လျှော့ချနိုင်ခဲ့ကြတယ်။ Time Consuming ကို လျှော့ချအောင်မြင်တော့ Printing Procedures နဲ့ Cable ကြိုးရဲ့ Noise Effects တွေကြောင့် ပုံတွေရဲ့ Brightness Levels လျှော့ကျတာနဲ့ ပတ်သတ်ပြီး သုတေသနပညာရှင်တွေက သုတေသနတွေ ဆက်လက်ပြုစုခဲ့ကြတယ်။ စောစောပိုင်း Bartlane Systems တွေမှာ ပုံတွေကို five brightness levels လောက်ထိ Decode လုပ်နိုင်ခဲ့ရာကနေ ၁၉၂၉ ခုနှစ် ရောက်တော့ Fifteen Levels လောက်ထိကို Brightness Quality Levels ကို မြှင့်တင်လာနိုင်ခဲ့ကြတယ်။
အဲ့ဒီနောက်ပိုင်း သုံးဆယ့်ငါးနှစ်လောက်လည်း ကြာရော Large Scale Computer တွေနဲ့ Programming Language တွေ အသီးသီးပေါ်ပေါက်လာမှုက Image Processing Concept တွေရဲ့ ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်လာကြတယ်။ အခုဆိုရင် Best Quality Image တွေတင်မကဘဲ Live Video (သို့) Live CCTV တွေကို မျက်စိတမှိတ်အတွင်းမှာ ကမ္ဘာ့ရဲ့ဘယ်နေရာကိုမဆို Formats အမျိုးမျိုးနဲ့ရော Bandwidth အမျိုးမျိုးနဲ့ပါ အင်တာနက်ကိုသုံးပြီး ပို့လွှတ်နိုင်ခဲ့ကြတယ်။
အမျိုးမျိုးသော နည်းပညာတွေကို တွေ့ရှိပြီးတဲ့နောက်မှာ ယခုလက်ရှိအချိန်ထိ Research Field တော်တော်များများမှာ Digital Image Processing ကို အသုံးပြုလာကြတာ တွေ့ရတယ်။ ဥပမာအနေနဲ့ ပြောရရင် ဆေးပညာနယ်ပယ်နဲ့ ပတ်သတ်ပြီး လေ့လာကြည့်မယ်ဆိုရင် X-Ray, Ultrasound, CT, MRI အစရှိတဲ့ ဓါတ်မှန်တွေကနေ Medical Image Processing Technique တွေကို သုံးပြီး ရောဂါတွေကို ရှာဖွေလာကြတယ်။ ခန္ဓာဗေဒဆိုင်ရာကို ရိုက်တဲ့ Anatomical Images နဲ့ သွေးကြောကို ရိုက်တဲ့ Vascular Images တွေကနေတဆင့် Brain Tumor ၊ Breast Cancer ၊ Liver ၊ coronary thrombosis အစရှိတဲ့ ရောဂါများကို တိကျမှန်ကန်စွာနဲ့ အချိန်တိုအတွင်းမှာ အမျိုးမျိုးသော ရောဂါတွေကို ရှာဖွေပေးနိုင်ဖို့ Computer-Aided Diagnosis Software တွေ ပေါ်ပေါက်လာပါတယ်။
.........
ဆက်လက်ဖော်ပြပါဦးမည်။
ဒေါက်တာမိုးမိုးမြင့်
နည်းပညာတက္ကသိုလ် (ကျောက်ဆည်)
Subscribe to:
Posts (Atom)