Faculty Development Program on LaTex:
Developing High-Quality Scientific and Engineering Document for Publishing
===============================================================
LaTex ဆိုတာ technical နှင့် scientific documentation များ ရေးသားရာမှာ အသုံးပြုတဲ့ software တမျိုးဖြစ်ပါတယ်။ ပုံမှန် ကျွန်တော်တို့တွေက Microsoft Word အသုံးပြုပြီး ပြင်ဆင်ကြပါတယ်။ LaTex ကတော့ ရေးချင်တဲ့ text,figure,equation,multicolum, table တွေကို LaTex code လေးတွေ နဲ့ ရေးပြီး ပြင်ကြတာပါ။
Documentation တခု ပြင်ဖို့ ဒီ code တွေ လေ့လာပြီး ပြင်မယ့်အစား Microsoft word နဲ့ပဲ ပြင်တော့မှာပေါ့လို့ အငြင်းပွားစရာရှိပါတယ်။
IEEE ၊ Springer စတဲ့ journal/ Conference တော်တော်များများမှာ ပေးထားတဲ့ sample template ကို downlpad လုပ်ပြီး Conference/journal paper တွေ ပြင်ကြတာက သက်ဆိုင်ရာ Org က လိုချင်တဲ့ အတိုင်း format ကို တိတိကျကျ ပြင်လို့ရပါတယ်။
Latex ရဲ့ အဓိက အားသာချက်ကတော့ Thesis စာအုက်လိုမျိုးပြင်ဖို့ဆိုရင် Chapters တွေအများကြီးကို ရေးတဲ့အခါမှာ List of Figures၊ List of Tables နဲ့ Table of Contents တွေ ကို Latex Code ကို သုံးပြီး ရေးတာ အလွန်အဆင်ပြေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
သူရဲ့ အားသာချက်က စာရွက်ရေ အများကြီး ရှိတဲ့ Thesis စာအုပ်ထဲက တခုခုကို ပြင်စရာရှိလို့ ပြင်ဖို့ဆိုရင် အတွင်းက Caption ကို ပြင်လိုက်တာနဲ့ နေရာတိုင်းမှာ ပြင်ပြီးသားဖြစ်သွားပါတယ်။
ဒါပေမယ့်လဲ Microsoft word မှာ find and replace သုံးတတ်ရင်လဲ တော်တော်ခရီးရောက်နေပါပြီ။
Section တွေ ခွဲတဲ့အခါ section အခွဲလေး တွေကို အလိုအလျှောက် တပ်ပေးပါတယ်။
တချို့ နိုင်ငံခြားတက္ကသိုလ်တွေကတော့ Journal/conference paper နှင့် Thesis တွေကို Microsoft word နဲ့ ပြင်တာထက် LaTex ကို အသုံးပြုခိုင်းကြပါတယ်။ တကယ်လို့ ကိုယ်လဲ Paper/Thesis တွေ ကို LaTex အသုံးပြုပြီး ပြင်ရမယ်လို့ များ ကြုံလာခဲ့ရင် ဖြေရှင်းနိုင်ဖို့ LaTeX markup language ကို လေ့လာကြပါစို့။
အသုံးပြုဖို့ကတော့
Miktex (https://miktex.org/download)
နဲ့ Texmaker software (http://www.xm1math.net/texmaker/download.html)
တွေကို အသုံးပြုလို့ရပါတယ်။
ကိုယ့် OS နဲ့ ကိုက်ညီမယ့် ဟာကို Download ချပြီး လေ့လာလို့ရပါတယ်။
Texmaker ကတော့ အသုံးပြုရတာ ပိုပြီး ရိုးရှင်းလွယ်ကူပါတယ် ။
လေ့လာဖို့ Samplecode တွေကတော့ ရှိပြီးသားမို့ လေ့လာရတာ လွယ်ကူစေပါတယ် ။
https://www.latex-tutorial.com/tutorials/
\documentclass{article}
\begin{document}
please visit my blog: drmoemoemyint.blogspot.com\\
Thanks for reading! \\
Moe Moe Myint
\end{document}
No comments:
Post a Comment