Sunday, December 16, 2018
Integrated Design Project (IDP) ဟု ဆိုကြရာဝယ်
Integrated Design Project (IDP) ဟု ဆိုကြရာဝယ်
=====================================
❄ EEAC Accreditation Manual (2018 version) ရဲ့ Guidelines အရ Exposure to Engineering Practice အချက်တွေကတော့
1. Lectures/talks by guest lectures from industry
2. Academic staff with industrial experience
3. Courses on professional ethics and code of conduct
4. Industry visits
5. Industry-based project
6. Regular use of a logbook in which industrial experiences are recorded.
....
မှာပါတဲ့
Industry-based project ဆိုတာ နောက်ဆုံးနှစ်ကျောင်းသား/သူတွေ industry တွေကို intern သွားဆင်းပြီး ပြန်လာရင် လုပ်ရမယ့် Final Year Project ပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ Mini-Thesis လို့ သတ်မှတ်ထားပါတယ် ။ research approach တွေပေါ်မှာ အခြေခံပြီး တဦးချင်း လုပ်ရမည့် Creation or Innovation FYP ပါ။ ထို FYP က Industry နဲ့ ဆက်စပ်တဲ့ FYP ဆို ပိုကောင်းပါတယ်။ ပြီးခဲ့တဲ့ TUs/MTU/YTU အားလုံးရဲ့ ပထမအသုတ်မှာတော့ Students အရေအတွက်များတာရယ်၊ ဆင်းရတဲ့ industry အခက်အခဲတွေကြောင့် ဆက်စပ်မှု ရှိတဲ့သူတွေ ရှိသလို၊ အခြေအနေပေါ်မူတည်ပြီး un-related ဖြစ်သွားတဲ့ Students တွေလဲ ရှိပါတယ် ။ ICEEI conference မှာ Curtin University : Malaysia က Keynote speaker တယောက်ကတော့ သူတို့ Curtin Uni မှာတော့ သူတို့ Students တွေရဲ့ FYP ကို Final presentation ရောက်တဲ့အခါ Industry assessors နဲ့ special lecturers တွေနဲ့ အတူ Conference-style ပုံစံဖြင့် လုပ်ပြီး ၊ သူတို့ရဲ့ FYP တွေကို journals သို့မဟုတ် Conference proceedings တွေမှာပါ published လုပ်ရတယ်လို့ ပြောသွားပါတယ် ။
❄ ပထမအသုတ်တွေ ကံကောင်းတယ်လို့ ပြောရမလားပဲ။ အခု ဒီနှစ်ကစပြီး EEAC ရဲ့ guideline အရ Integrated Design Project (IDP) ပါလာပါပြီ။
❄ တနည်းအားဖြင့် IDP ကို Capstone Project (see figure: credit>>google) လို့လဲ ခေါ်ကြပါတယ် ။ ဒီနေရာမှာ Capstone မရောက်ခင် အတန်းငယ်တွေမှာ Cornerstone project နဲ့ Keystone project တွေကို လုပ်ခဲ့ပြီးကြလို့ နောက်ဆုံးနှစ်မှာ IDP ရှိရမယ် ဆိုတော့ (Final Year Project/Mini-Thesis) မတိုင်ခင် Capstone project (သို့) IDP ကို ကျောင်းသား/သူ တွေ မလွဲမသေ လုပ်ရတော့မှာပါ။
❄ IDP ကတော့ groups လိုက် လုပ်ရမှာ ဖြစ်ပြီး public health and safety၊ cultural၊ societal၊ project management၊ economy၊ Environmental considerations တွေ အတွက် သင်ကြားခဲ့တဲ့ Core Subjects တွေရဲ့ knowledge တွေနှင့်အတူ complex engineering problems solving တွေ၊ design systems တွေ၊ integrating process တွေပါ ပါတဲ့ IDP တခုကို အဖွဲ့လိုက် လုပ်ရမှာပါ။ ထိုအတွက်လဲ Curtin က Professor က သူတို့ Uni မှာ Progress reports၊ board meetings၊ progress presentations တွေနှင့်အတူ final presentation ကိုတော့ Industry assessors နဲ့ special lecturers တွေနဲ့ အတူ ပြုလုပ်တယ်လို့ သိရပါတယ် ။
❄ မဖြစ်မနေ IDP က ပါရတော့မှာဆိုတော့ IDP အတွက် Curriculum မှာ အဓိကအချက်ကတော့ design ပိုင်းရော၊ Engineering knowledge တွေနဲ့ ပါဝင် ဖွဲ့စည်းတဲ့ real-world design project တခုကို implement လုပ်နိုင်ဖို့
တချို့ major ရဲ့ Course တွေမှာတော့
1. Modeling
2. Designing
3. Coordination
4. Project Scheduling
5. Estimating
6. Detailing
7. Documentation
8. BIM Process base on local project
ဆိုပြီး ပြဌာန်းကြပါတယ်။ ဥပမာ။ တချို့ Foreign University တွေမှာ IDP အတွက် Lectures (၁၃) ချိန်နဲ့ Project အတွက် (၂၃) ချိန် သတ်မှတ်ပြီး Credit ကို 10 credit ပေးထားတာလဲ ရှိပါတယ်။
IT နဲ့ ပတ်သတ်တဲ့ IDP curriculum သီးသန့်တော့ မတွေ့သေးဘူး။ ရှိရင်လဲ share ကြပါဦး။
❄ ကျွန်တော်တို့ IT မှာတော့ Software Engineering၊ HSS၊ Project Management တွေကလဲ အတန်းငယ်မှာ သင်ပြီးပြီဆိုတော့ အခြားသော Core Subjects တွေနဲ့ IDP ကို Curriculum တခု အနေနဲ့ ထည့်မသင်တော့ပဲ Students တွေလဲ ဝန်ပိုမဖြစ်ရလေအောင် သင့်လျော်တဲ့ အချိန်ပေးပြီး IDP / Capstone project ကို တန်းသွားရင် ရနိုင်မလား။
ဆွေးနွေးစရာတွေနဲ့ တွေးစရာတွေ ရှိနေရင်း ICEEI Conference ရဲ့ Engineering Education program မှ ရရှိလာတဲ့ knowledge တချိ့ကို တင်ပြရင်း
မိုးမိုးမြင့်
၁၆.၁၂.၁၈
Friday, September 21, 2018
LaTex Markup Language as a text editor Using Texmaker Software
Faculty Development Program on LaTex:
Developing High-Quality Scientific and Engineering Document for Publishing
===============================================================
LaTex ဆိုတာ technical နှင့် scientific documentation များ ရေးသားရာမှာ အသုံးပြုတဲ့ software တမျိုးဖြစ်ပါတယ်။ ပုံမှန် ကျွန်တော်တို့တွေက Microsoft Word အသုံးပြုပြီး ပြင်ဆင်ကြပါတယ်။ LaTex ကတော့ ရေးချင်တဲ့ text,figure,equation,multicolum, table တွေကို LaTex code လေးတွေ နဲ့ ရေးပြီး ပြင်ကြတာပါ။
Documentation တခု ပြင်ဖို့ ဒီ code တွေ လေ့လာပြီး ပြင်မယ့်အစား Microsoft word နဲ့ပဲ ပြင်တော့မှာပေါ့လို့ အငြင်းပွားစရာရှိပါတယ်။
IEEE ၊ Springer စတဲ့ journal/ Conference တော်တော်များများမှာ ပေးထားတဲ့ sample template ကို downlpad လုပ်ပြီး Conference/journal paper တွေ ပြင်ကြတာက သက်ဆိုင်ရာ Org က လိုချင်တဲ့ အတိုင်း format ကို တိတိကျကျ ပြင်လို့ရပါတယ်။
Latex ရဲ့ အဓိက အားသာချက်ကတော့ Thesis စာအုက်လိုမျိုးပြင်ဖို့ဆိုရင် Chapters တွေအများကြီးကို ရေးတဲ့အခါမှာ List of Figures၊ List of Tables နဲ့ Table of Contents တွေ ကို Latex Code ကို သုံးပြီး ရေးတာ အလွန်အဆင်ပြေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
သူရဲ့ အားသာချက်က စာရွက်ရေ အများကြီး ရှိတဲ့ Thesis စာအုပ်ထဲက တခုခုကို ပြင်စရာရှိလို့ ပြင်ဖို့ဆိုရင် အတွင်းက Caption ကို ပြင်လိုက်တာနဲ့ နေရာတိုင်းမှာ ပြင်ပြီးသားဖြစ်သွားပါတယ်။
ဒါပေမယ့်လဲ Microsoft word မှာ find and replace သုံးတတ်ရင်လဲ တော်တော်ခရီးရောက်နေပါပြီ။
Section တွေ ခွဲတဲ့အခါ section အခွဲလေး တွေကို အလိုအလျှောက် တပ်ပေးပါတယ်။
တချို့ နိုင်ငံခြားတက္ကသိုလ်တွေကတော့ Journal/conference paper နှင့် Thesis တွေကို Microsoft word နဲ့ ပြင်တာထက် LaTex ကို အသုံးပြုခိုင်းကြပါတယ်။ တကယ်လို့ ကိုယ်လဲ Paper/Thesis တွေ ကို LaTex အသုံးပြုပြီး ပြင်ရမယ်လို့ များ ကြုံလာခဲ့ရင် ဖြေရှင်းနိုင်ဖို့ LaTeX markup language ကို လေ့လာကြပါစို့။
အသုံးပြုဖို့ကတော့
Miktex (https://miktex.org/download)
နဲ့ Texmaker software (http://www.xm1math.net/texmaker/download.html)
တွေကို အသုံးပြုလို့ရပါတယ်။
ကိုယ့် OS နဲ့ ကိုက်ညီမယ့် ဟာကို Download ချပြီး လေ့လာလို့ရပါတယ်။
Texmaker ကတော့ အသုံးပြုရတာ ပိုပြီး ရိုးရှင်းလွယ်ကူပါတယ် ။
လေ့လာဖို့ Samplecode တွေကတော့ ရှိပြီးသားမို့ လေ့လာရတာ လွယ်ကူစေပါတယ် ။
https://www.latex-tutorial.com/tutorials/
\documentclass{article}
\begin{document}
please visit my blog: drmoemoemyint.blogspot.com\\
Thanks for reading! \\
Moe Moe Myint
\end{document}
Subscribe to:
Posts (Atom)